အစ္စရေးဝန်ကြီးချုပ်ဟောင်း အာဏာပြန်လည်ရရှိနိုင်ခြေရှိပြီး အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခြေရှိ

 

တဲလ်အဗစ်   နိုဝင်ဘာ  ၄


အစ္စရေးဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင်နေတန်ယာဟု သည် အာဏာပြန်လည်ရရှိနိုင်ခြေရှိပြီး အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခြေရှိသည်ဟု သိရသည်။ ယခုသီတင်းပတ် အစပိုင်းတွင် ပြုလုပ်ခဲ့သည့် အမျိုးသားရွေးကောက်ပွဲ တွင် ၎င်း၏ လက်ယာယိမ်းပါတီနှင့်  အများစုသော လက်ယာစွန်းရောက် အင်အားစုများမှာ  အနိုင်ရရှိခဲ့ သည်။

 


သုံးနှစ်ခွဲ ကာလအတွင်း ငါးကြိမ်မြောက်ပြုလုပ်ခဲ့ သည့် ရွေးကောက်ပွဲရလဒ်ကို  နိုဝင်ဘာ ၃ ရက်တွင်  အစ္စရေးရွေးကောက်ပွဲအရာရှိများက   ကြေညာခဲ့ သည်။   နေတန်ယာဟု၏  လီကွတ်ပါတီသည်   ၃၂ နေရာအနိုင်ရရှိခဲ့ပြီး ဥပဒေပြုလွှတ်တော် နေရာ ၁၂၀ တွင် နေရာအများဆုံးရရှိသည့်ပါတီ ဖြစ်လာခဲ့သည်။

 


နေတန်ယာဟုနှင့်၎င်း၏ မဟာမိတ်များမှာ ၆၄ နေရာ   အနိုင်ရရှိထားသည့်အတွက်   ပါလီမန်ကို အဓိက    ထိန်းချုပ်နိုင်မည်ဖြစ်သည်။   ညွန့်ပေါင်း အစိုးရဖွဲ့ရန်အတွက်လည်း ဆွေးနွေးမှုများကိုစတင် သွားဖွယ် ရှိသည်။ ညွန့်ပေါင်းအစိုးရအဖွဲ့မှာ အစ္စရေး နိုင်ငံတွင်  လက်ယာယိမ်းအစိုးရ  ဖြစ်လာနိုင်သည်ဟု လေ့လာသူများက  ပြောသည်။  အစ္စရေးတွင် လက်ယာ စွန်းများ ခေါင်းထောင်လာနိုင်သည့်အတွက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့က စိုးရိမ် နေသည်ဟု အမေရိကန်မီဒီယာများတွင် ဖော်ပြကြ သည်။              

                      
    အင်န်အိတ်ချ်ကေ