အစ္စရေးသမ္မတ လာမည့်သီတင်းပတ်အတွင်း တူရကီသို့ တရားဝင် ခရီးသွားရောက်မည်

 

ဂျေရုဆလင် မတ် ၆


အစ္စရေးသမ္မတ Isaac Herzog သည် လာမည့်သီတင်းပတ်အတွင်း တူရကီနိုင်ငံသို့ တရားဝင်ခရီးသွားရောက် မည်ဖြစ်ကြောင်း အစ္စရေးသမ္မတရုံးက မတ် ၅ ရက်တွင် ကြေညာခဲ့သည်။ 


တူရကီသမ္မတ  ရီဆတ်တေရစ်  အာဒိုဂန်၏ ဖိတ်ကြားမှုဖြင့်  အစ္စရေးသမ္မတသည်  အင်ကာရာမြို့နှင့် အစ္စတန်ဘူလ်မြို့တို့သို့ နှစ်ရက်ကြာ တရားဝင်ခရီးစဉ်သွားရောက်မည်ဖြစ်သည်။ ၂၀၀၃ ခုနှစ် နောက်ပိုင်းမှ စတင်ကာ အစ္စရေးသမ္မတတစ်ဦးအနေဖြင့် တူရကီသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းလည်းဖြစ်သည်။ 


တူရကီနှင့်အစ္စရေးနိုင်ငံတို့ကြား ဆက်ဆံရေးမှာ ၂၀၁၀ ပြည့်နှစ်တွင် ဆိုးရွားခဲ့သည်။ တူရကီဦးဆောင်သည့် သင်္ဘောအုပ်စုသည် အစ္စရေးတို့ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်ဒေသကို ချိုးဖျက်ရန်ကြိုးပမ်းပြီးနောက် အစ္စရေးတပ်ဖွဲ့နှင့် အချင်းများခဲ့ပြီး တူရကီ ၁၀ ဦး သေဆုံးခဲ့ရသည်။


ယင်းဖြစ်ရပ်နောက်ပိုင်းတွင်နှစ်နိုင်ငံဆက်ဆံရေးမှာ ဆိုးရွားလာခဲ့သည်။ ယခု အစ္စရေးသမ္မတ၏ ခရီးစဉ် အတွင်း  နှစ်နိုင်ငံဆက်ဆံရေးနှင့်  ပူးပေါင်းဆောင်ရွက်မှုတို့  တိုးချဲ့နိုင်ရေးတို့အတွက်   ဆွေးနွေးသွားမည် ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 


ဆင်ဟွာ