
ဂျီနီဗာ ဇူလိုင် ၂၉
မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖြစ်စဉ်များကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ဂါဇာဒေသကို လတ်တလော အကူအညီများ ထောက်ပံ့ပေးခဲ့ သော်လည်း အစ္စရေးနှင့် ပါလက် စတိုင်းတို့အကြား ဖြစ်ပေါ်နေ သော ပဋိပက္ခကို အဆုံးသတ်ရန် နိုင်ငံရေးနည်းဖြင့် အဖြေရှာသင့် ကြောင်း ကုလသမဂ္ဂက ဇူလိုင် ၂၈ ရက်က တိုက်တွန်းပြောကြား လိုက်သည်။
ဂါဇာဒေသတွင် ဖြစ်ပွားနေ သော အခြေအနေများ တိုးတက် ရန် အရေးပေါ်အားထုတ်လုပ် ဆောင်မှုများကို လျင်လျင်မြန်မြန် ရှေ့တိုးလုပ်ဆောင်သင့်ကြောင်း၊ သို့သော်လည်း အစ္စရေး-ပါလက် စတိုင်းအရေးကို ဖြေရှင်းရာတွင် ကျယ်ပြန့်သည့်ရည်မှန်းချက်များအပေါ် အာရုံမလွတ်သင့်ကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် နယ်မြေ သိမ်းပိုက်မှုများကို အဆုံးသတ်ပြီး ကုလသမဂ္ဂ ဆုံးဖြတ်ချက်များ အပေါ် အခြေခံသည့် နှစ်ဖက် ညှိနှိုင်းဖြေရှင်းမှုများကို အကောင် အထည် ဖော်သင့်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် နှစ်နိုင်ငံ သဘောတူညီမှုများကို တန်ဖိုးထားသင့်ကြောင်း ပါလက် စတိုင်းရှိ ကုလသမဂ္ဂလူသားချင်း စာနာနားလည်မှုဆိုင်ရာ ညှိနှိုင်း ရေးမှူး လန်းဟက်စတင်က ပြောသည်။
ဗီဒီယိုလင့်ခ်ဖြင့် ဂျေရုဆလင်မှ ပြောကြားရာတွင် ဟက်စတင်က သံအမတ်များကို တစ်ဖက်နှင့် တစ်ဖက် တင်းမာမှုအကြား ပျက်စီးမှုတန်ဖိုးသည် ကမ္ဘာ့ ဘဏ်နှင့် ဥရောပသမဂ္ဂတို့၏ ခန့်မှန်းတွက်ချက်မှုအရ အမေရိ ကန်ဒေါ်လာ သန်း ၂၉၀ မှ ၃၈၀ ကြားရှိကြောင်း ပြောကြားခဲ့ သည်။ စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုတန်ဖိုးသည် အမေရိကန် ဒေါ်လာသန်း ၂၀၀ နီးပါးရှိမည်ဟု ခန့်မှန်းထားသည်။
ဂါဇာ၏ လူမှုရေးကဏ္ဍသည် အဆိုးဆုံး ထိခိုက်ခံထားရ ကြောင်း၊ ဒေသခံများ၏လုံခြုံရေး ကို အားနည်းစေကြောင်း၊ ရေတိုပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ သည် အမေရိကန်ဒေါ်လာ ၄၈၅ သန်းအထိ ကုန်ကျမည်ဖြစ် ကြောင်း သိရသည်။
ကုလသမဂ္ဂနှင့် ညှိနှိုင်းလုပ် ဆောင်လျက်ရှိသော အပြည်ပြည် ဆိုင်ရာ ကြိုးစားမှုများကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်းရှိ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးလည်းဖြစ်သူ ဟက်စတင်က ပြောသည်။
ဆင်ဟွာ