အစ္စရေးနှင့် ဟားမားစ်တို့အကြား ယာယီအပစ်ရပ်စဲရေးသဘောတူညီချက် စတင်မည့်အချိန်ကို တရားဝင်ကြေညာခြင်းမရှိသေးကြောင်း သိရ

 

ဂါဇာ     နိုဝင်ဘာ    ၂၃ 


အစ္စရေးနှင့်     ပါလက်စတိုင်းအစ္စလာမ္မစ် အုပ်စု   ဟားမားစ်တို့အကြား  ယာယီအပစ် ရပ်စဲရေး    စတင်မည့်ရက်ကို    တရားဝင် ကြေညာခြင်း မရှိသေးကြောင်း သိရသည်။ 


ယာယီအပစ်ရပ်စဲရေးကို ကြားဝင်စေ့စပ် ပေးနေသည့် ကာတာအစိုးရက နိုဝင်ဘာ ၂၂ ရက်က   ထုတ်ပြန်လိုက်သော   ထုတ်ပြန် ကြေညာချက်တွင်   အစ္စရေးနှင့်   ဟားမားစ် တို့သည်    လေးရက်ကြာ   အပစ်ရပ်စဲရေး သဘောတူညီချက်ကို သဘောတူခဲ့ကြောင်း၊ အပြန်အလှန်အားဖြင့်   ဂါဇာတွင် ဓားစာခံ အဖြစ်ဖမ်းဆီးထားသော အမျိုးသမီးများနှင့် ကလေးငယ်ပေါင်း ၅၀ ကို လွှတ်ပေးမည်ဖြစ် ကြောင်း သိရသည်။ 


အပစ်ရပ်စဲရေးစတင်မည့်အချိန်ကို ၂၄ နာရီအတွင်း   ထုတ်ပြန်သွားဖွယ်ရှိကြောင်း ကာတာအစိုးရက ပြောသည်။ 
အစ္စရေးအမျိုးသားလုံခြုံရေး  အကြံပေး ဇာချီဟာနီဘီက    ယာယီအပစ်ရပ်စဲရေး သဘောတူညီချက်သည် နိုဝင်ဘာ ၂၄ ရက် မတိုင်မီ စတင်မည်မဟုတ်ကြောင်း နိုဝင်ဘာ ၂၂ ရက်နှောင်းပိုင်းက ပြောကြားခဲ့သည်။ 


ပြန်လွှတ်ပေးမည့်    ဓားစာခံစာရင်းကို ပေးရန်   ဟားမားစ်တို့၏   ပျက်ကွက်မှုနှင့် ယာယီအပစ်ရပ်စဲရေးဆိုင်ရာ   တိကျသော အချိန်သတ်မှတ်ချက် တရားဝင် မထုတ်ပြန် နိုင်မှုများက သဘောတူညီချက်ကို နှောင့်နှေး စေသည်ဆိုသည့်    နိုင်ငံရေးနယ်ပယ်တွင် သြဇာလွှမ်းမိုးနိုင်သူတစ်ဦး၏ ပြောကြား ချက်ကိုကိုးကား၍     အစ္စရေးရှေ့ဆောင်  မီဒီယာတစ်ခုဖြစ်သော  ဟားရက်ဇ်က ဖော်ပြ ထားသည်။ 


နိုဝင်ဘာ ၂၃ ရက်တွင် ဂါဇာမြောက်ပိုင်းရှိ ဂျာဘာလီယာဒုက္ခသည်စခန်းကို   အစ္စရေး တပ်ဖွဲ့များက လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်။ အစ္စရေးစစ်ဘက် က အဆိုပါဒေသရှိ ဘာသာရေးအဆောက် အအုံအောက်တွင်     ဟားမားစ်တို့အသုံးပြု လျက်ရှိသော      မြေအောက်လိုဏ်ခေါင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောသည်။ 


ယာယီအပစ်ရပ်စဲရေး သဘောတူညီချက် ကို မည်သည့်အချိန်တွင် အကောင်အထည် ဖော်မလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိ ရသေးချေ။ 


အင်အိတ်ချ်ကေ