
လန်ဒန် နိုဝင်ဘာ ၇
အစ္စရေးနိုင်ငံ၌ ဘင်ဂျမင်နေတန်ယာဟု အာဏာပြန်လည်ရရှိသည့်အပေါ် ဗြိတိန်က ဝမ်းမြောက်ဂုဏ်ယူကြောင်း နိုဝင်ဘာ ၇ ရက်က ဖော်ပြလိုက်သည်။
အင်္ဂလန်ပြည်သူများကိုယ်စား မိမိ က အစ္စရေးရွေးကောက်ပွဲတွင် နေတန် ယာဟု ပြန်လည်အနိုင်ရရှိခဲ့သည့် အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ဗြိတိန် ဝန်ကြီးချုပ် ရစ်ရှီဆူးနက်ခ်က စီအိုပီ ၂၇ ရာသီဥတုညီလာခံ တက်ရောက်ရန် အီဂျစ်သို့ ရောက်ရှိစဉ် တွစ်တာတွင် ဖော်ပြလိုက်သည်။
ကုန်သွယ်ရေး၊ လုံခြုံရေးနှင့် နည်း ပညာဆိုင်ရာ နယ်ပယ်ကဲ့သို့သော ကဏ္ဍ များတွင် မိမိတို့နိုင်ငံများအနေဖြင့် အတူ တကွ လက်တွဲလုပ်ဆောင်နိုင်ကြောင်း၊ ရွေးကောက်ပွဲအနိုင်ရရှိပြီး ဝန်ကြီးချုပ် အဖြစ် အာဏာပြန်လည်ရရှိခဲ့သော နေတန်ယာဟုနှင့် လက်တွဲလုပ်ဆောင် ရန် မျှော်လင့်ကြောင်း ဆူးနက်ခ်က ပြောသည်။
တင်းကျပ်သော ရှေးရိုးစွဲဝါဒီများ နှင့် လက်ယာစွန်းမဟာမိတ်များ ကျော ထောက်နောက်ခံပြုထားသော နေတန် ယာဟု အင်္ဂါနေ့ ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ခြင်းက နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်သည့် ခေါင်းဆောင်တစ်ယောက်ကို အံ့အား တသင့်ပြန်လာရန် ကြိုဆိုလိုက်သလို ဖြစ်သည်။
ဆူးနက်ခ်၏ ပြောရေးဆိုခွင့်ရှိသူက အစ္စရေးနိုင်ငံရှိ ပါတီများအားလုံးကို ဖောင်းပွစေသည့်စကားများ မပြောဘဲ ရှောင်ကြဉ်ကြရန်နှင့် သည်းခံနိုင်မှုကို ပြသရန်၊ လူနည်းစုအုပ်စုများအပေါ်လေးစားရန် နိုဝင်ဘာ ၇ ရက်က တိုက်တွန်း ပြောကြားလိုက်သည်။
အေအက်ဖ်ပီ