အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင် ဒုက္ခသည်စခန်းရှိ လူ ၇၀ သေဆုံး

 

ဂါဇာ   ဒီဇင်ဘာ   ၂၅


ဂါဇာကမ်းမြောင်   အလယ်ပိုင်းရှိ အယ်လ်မက်ဂါဇီ ဒုက္ခသည်စခန်း ကို ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ် သည့်    အစ္စရေး    လေကြောင်း တိုက်ခိုက်မှုအတွင်း    ပါလက် စတိုင်း ၇၀ ထက်မနည်း သေဆုံးခဲ့ ကြောင်း အစိုးရပိုင် ပါလက်စတိုင်း ရုပ်သံက ဖော်ပြသည်။


အစ္စရေးတပ်ဖွဲ့ဝင်များသည် ဒုက္ခသည်စခန်းများကြားရှိ အလယ် ပိုင်းဒေသ၏   အဓိကလမ်းမများ ပေါ်သို့     ဗုံးကြဲတိုက်ခိုက်နေပြီး လူထူထပ်သည့်      နေရာများသို့  ကျရောက်မှုကြောင့် သေဆုံးသူ ဦးရေ    တိုးလာဖွယ်ရှိကြောင်း၊ အဆိုပါနေရာသို့ လူနာတင်ယာဉ် များနှင့်     အရပ်ဘက်ယာဉ်များ သွားရောက်ရန်      အခက်အခဲ ဖြစ်ပေါ်နေကြောင်း    ဂါဇာအခြေ စိုက်   ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်ရှာရက်ဖ် အယ်လ်ကီဒရာ က ပြောသည်။


သေဆုံးသူအများစုမှာ   အမျိုး သမီးများနှင့်    ကလေးငယ်များ ဖြစ်ကြကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များက   ပြောကြားသည်။  အယ်လ်မက်ဂါဇီ  ဒုက္ခသည်စခန်း အပြင်  ဂါဇာကမ်းမြောင်အလယ် ပိုင်းရှိ အယ်လ်ဘူရစ်ဂျ် ဒုက္ခသည် စခန်းနှင့် တောင်ပိုင်း ခန်းယူးနစ် မြို့တို့ကိုလည်း      တိုက်ခိုက်ခဲ့ ကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။


ဂါဇာကမ်းမြောင် ဒေသတွင် အသေးဆုံး      ဒုက္ခသည်စခန်း တစ်ခုဖြစ်သည့်       အယ်လ်မက် ဂါဇီဒုက္ခသည်စခန်းသည် လူဦးရေ သိပ်သည်းဆမြင့်မားကာ ၀ ဒသမ ၆  စတုရန်းကီလိုမီတာတွင်  လူ ၃၀၀၀၀   နီးပါး  နေထိုင်လျက်ရှိ ကြောင်း ကုလသမဂ္ဂအေဂျင်စီက ပြောကြားသည်။


ဆင်ဟွာ