
ဂါဇာ အောက်တိုဘာ ၁၇
ဂါဇာတောင်ပိုင်း ခန်ယွန်နစ်မြို့ ကို အောက်တိုဘာ ၁၇ ရက်တွင် အစ္စရေးက လေကြောင်းတိုက်ခိုက် မှု ပြုလုပ်ခဲ့ရာ ပါလက်စတိုင်း ၄၀ ထက်မနည်း သေဆုံးခဲ့ ကြောင်း၊ အများစုမှာ ရွှေ့ပြောင်း အခြေချသူများ ဖြစ်ကြောင်း ဟားမားစ် ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြ ခဲ့သည်။
အစ္စရေး စစ်လေယာဉ်များ သည် ခန်ယွန်နစ်ဒုက္ခသည် စခန်း ကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ အဆိုပါနေရာသည် မြောက်ပိုင်းဂါဇာမှ ရွှေ့ပြောင်း လာသော ပါလက်စတိုင်းရွှေ့ပြောင်း အခြေချသူများ နေထိုင်သည့် နေရာဖြစ်သည်။ သေဆုံးသူ အများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်သည်။
ဟားမားစ်နှင့် အစ္စရေးကြား သွေးထွက်သံယို ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည့် အောက်တို ဘာ ၇ ရက်မှစကာ ပါလက်စတိုင်း ၂၈၀၈ ဦး သေဆုံးခဲ့ပြီး ၁၀၈၅၀ ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ပါလက်စတိုင်း ၁၂၀၀ ခန့် ပိတ်မိ နေဆဲဖြစ်ကြောင်းနှင့် ပါလက် စတိုင်းဘက်ပိုင်းတွင် ကလေးငယ် ၂၀၀ ကျော် ပျောက်ဆုံးလျက်ရှိ ကြောင်း သိရသည်။
ဂါဇာ ကမ်းမြောင်ဒေသတွင် အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်ခြင်းကို တုံ့ပြန်သော အားဖြင့် ဟားမားစ်စစ်သွေးကြွ များက အောက်တိုဘာ ၇ ရက် တွင် အစ္စရေးစစ်ဘက်ဆိုင်ရာ နေရာများကို ပစ်မှတ်ထားပြီး ရုတ်တရက် တိုက်ခိုက်ခဲ့သည်။ ဟားမားစ်တို့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်၌ ၁၃၀၀ ကျော် သေဆုံးခဲ့သည်။
ဆင်ဟွာ