အစ္စရေးက ဟားမားစ်တို့နှင့် ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်ရန်ဆုံးဖြတ်ပြီးနောက် ရာဖာကို ထိုးစစ်ဆင်

ဂါဇာ  မေ  ၂၃ 
အစ္စရေးစစ်မက်ရေးရာ     အစိုးရ ဝန်ကြီးများအဖွဲ့က      ဟားမားစ်တို့ နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး နှင့်   ဓားစာခံများ  လွှတ်ပေးရေး ဆိုင်ရာ ဆွေးနွေးမှုများ ဆက်လက်  လုပ်ဆောင်ရန် ဆုံးဖြတ်ပြီးနောက် တောင်ပိုင်းဂါဇာမြို့   ဖြစ်သည့် ရာဖာကို ထိုးစစ်ဆင်လျက်ရှိသည်။ 
အစ္စရေးတပ်ဖွဲ့သည် အပြစ်မဲ့ပြည်သူများအန္တရာယ်မဖြစ်အောင် ဖြစ်နိုင်သမျှသော ကြိုးစားမှုများ ကို    လုပ်ဆောင်လျက်ရှိသည်ဟု ပြောကြားရင်း ရာဖာကို တိုက်ခိုက် မှုများ   ဆက်လက်လုပ်ဆောင် လျက်ရှိသည်။ 
အစ္စရေးတပ်ဖွဲ့က ၎င်း၏တပ်ဖွဲ့ များသည်  ဟားမားစ်တို့၏  ဥမင် လိုဏ်ခေါင်းများကို ဖျက်ဆီးခဲ့ပြီး တိုက်ခိုက်ရေးသမားများကို သုတ် သင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ 
အစ္စရေးအစိုးရ အစည်းအဝေး ကို  မေ  ၂၂  ရက်က ပြုလုပ်ခဲ့ပြီး အစ္စရေး  စေ့စပ်ညှိနှိုင်းဆွေးနွေးသူများကို ဓားစာခံများ  လွှတ်ပေး ရေး ဟားမားစ်တို့နှင့် ဆက်လက် ဆွေးနွေးရန် တိုက်တွန်းခဲ့သည်။ 
ရာဖာရှိ    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေ သည် ပိုမိုဆိုးရွားလျက်ရှိသည်။    
ဒီဇင်ဘာလမှစကာ  လူသား ချင်း စာနာထောက်ထားမှုပစ္စည်းအနည်းငယ်မျှသာ ဂါဇာကို  ဖြတ် ကျော်နိုင်သေးကြောင်း     ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်က ဗုဒ္ဓဟူး နေ့က ပြောကြားခဲ့သည်။         
အင်န်အိတ်ချ်ကေ