ဂါဇာ ဖေဖော်ဝါရီ ၂၃
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အစိုးရအဖွဲ့က အရာရှိ များသည် ဂါဇာဒေသပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် နောက်ထပ်တွန်းအားပေးလုပ်ဆောင်မှုများ လုပ်ဆောင်လျက်ရှိသည်။
ဖိအားပေးမှုများခံနေရ
လာမည့်သီတင်းပတ် အနည်းငယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုရရှိရန် လိုလားကြသည်။ စေ့စပ်ညှိနှိုင်းသူများသည် ဖမ်းဆီးခံထားရသည့် အစ္စရေးဓားစာခံများ၏ မိသားစုများထံမှ ထပ်မံဖိအားပေးမှုများ ခံနေရ သည်။
အဆုံးသတ်ခဲ့
နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကာလအတွင်း ဖမ်းဆီးခံထားရ သည့် ဓားစားခံ ၁၀၀ ကျော် ပြန်လည်လွတ်မြောက် လာပြီး ပါလက်စတိုင်း အကျဉ်းသား ၂၄၀ ပြန်လွှတ် ပေးနိုင်ရေး စေ့စပ်ညှိနှိုင်းသူများက စီမံနိုင်ခဲ့သည်။ သို့သော်လည်း အစ္စရေးတပ်မှူးများနှင့် ဟားမားစ် ခေါင်းဆောင်များသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကို ချိုးဖောက်သည်ဟု အပြန်အလှန်စွပ်စွဲကြပြီးအကျဉ်းသားများ ဖလှယ်ရေးကို အဆုံးသတ်ခဲ့ကြ သည်။
ကြိုးပမ်းဆောင်ရွက်လျက်ရှိ
စီအိုင်အေမှ ညွှန်ကြားရေးမှူးဖြစ်သူ ဝီယီယံ ဘန်းစ်က ကျန်ရှိနေသေးသည့် ဓားစာခံများ ပြန်လွှတ်ပေးရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ ၎င်းသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ပါရီမြို့၌ အစ္စရေး၊ အီဂျစ်နှင့် ကာတာနိုင်ငံတို့မှ ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး ဆွေးနွေးသွား မည်ဟု အမေရိကန်မီဒီယာများတွင် ဖော်ပြကြသည်။
ပြင်ဆင်နေကြ
အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့် ကလည်း ၎င်းတို့နိုင်ငံမှ စေ့စပ်ညှိနှိုင်းသူများကို အခွင့်အာဏာပိုပေးမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းတို့တပ်ဖွဲ့ဝင်များသည် ဂါဇာ ကမ်းမြောင်ဒေသတွင် နောက်ထပ်စစ်ဆင်ရေးများ အတွက် ပြင်ဆင်နေကြဆဲဖြစ်သည်။
ပါလက်စတိုင်းဒုက္ခသည် ၁ ဒသမ ၄ သန်းကျော် နေထိုင်နေသည့် ရာဖာမြို့တွင် ပြင်းထန်သည့် မြေပြင်စစ်ဆင်ရေးပြုလုပ်မည်ဟု ယိုအက်ဗ်ဂဲလန့် က ခြိမ်းခြောက်ထားသည်။ အင်န်အိတ်ချ်ကေ