
ဝါရှင်တန် အောက်တိုဘာ ၁၃
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ နောက်ထပ်အရှိန် ကောင်းလာမှုကို တားဆီးနိုင်ရေးကြိုးပမ်းမှု တစ်ရပ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အာရပ်ငါးနိုင်ငံ ခရီးထွက် မည်ဟု သိရသည်။
ဂျော်ဒန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ အီဂျစ် နှင့် ကာတာနိုင်ငံတို့သို့ ခရီးထွက်မည်ဖြစ်ကြောင်း အန်တိုနီဘလင်ကန်က အောက်တိုဘာ ၁၂ ရက်က သတင်းထောက်များကို ပြောသည်။
ဂျော်ဒန်နိုင်ငံတွင် ပါလက်စတိုင်းသမ္မတ မာမွတ် အဘတ်စ်နှင့်လည်း တွေ့ဆုံသွားရန်ရှိသည်ဟု ၎င်းကပြောသည်။ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့က မြေပြင်ထိုးစစ်ဆင်နွှဲရန် ပြင်ဆင် မှုများ ပြုလုပ်နေစဉ် ၎င်း၏ကြေညာချက်ထွက်ပေါ် လာခြင်းဖြစ်သည်။
ပဋိပက္ခများ ကြီးမားကျယ်ပြန့်လာမှုကို တားဆီးရန် အာရပ်ခေါင်းဆောင်များကို တိုက်တွန်း သွားမည်ဟုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး က ပြောသည်။ ထို့ပြင် ဟားမားစ်အဖွဲ့မှ ဓားစာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် လူများ လုံခြုံစိတ်ချစွာ ပြန်လည်လွတ်မြောက်လာရေး အတွက်လည်း တွန်းအားပေးသွားမည်ဟု သိရ သည်။
ဟားမားစ်သည် အစ္စရေးအပေါ် ကြီးမားသည့် တိုက်ခိုက်မှုကို မည်သို့လုပ်ဆောင်ခဲ့သနည်းဟု မေးမြန်းရာတွင် ၎င်းအနေဖြင့် တိကျသည့်အဖြေ မပေးနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
သို့သော်လည်း အမေရိကန်သည် ဆော်ဒီ အာရေဗျနှင့် အစ္စရေးတို့အကြား ပုံမှန်ဆက်ဆံရေး ထူထောင်နိုင်ရေး ကြိုးပမ်းနေကြောင်း ဘလင်ကန် က ဖြေကြားခဲ့သည်။
အင်န်အိတ်ချ်ကေ