အစ္စရေး - ဟားမားစ်တို့၏ ပဋိပက္ခအတွင်း သေဆုံးသူပေါင်း ၁၀၀၀၀ ကျော်ရှိလာ

 

ဂါဇာ    နိုဝင်ဘာ   ၂ 


နိုင်ငံခြားသားများသည် နိုဝင်ဘာ ၁ ရက်တွင်   ဂါဇာမှ   အီဂျစ်သို့ စတင်ပြောင်းရွှေ့ခဲ့သည်။   ယခု အချိန်အထိ အီဂျစ်နိုင်ငံအတွင်း လူပေါင်း ၃၆၁ ဦး ဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း အီဂျစ်သတင်းမီဒီယာ များတွင် ဖော်ပြခဲ့သည်။ 


ဂျပန်   နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါယိုကိုက    အဆိုပါ အီဂျစ်သို့ ဝင်ရောက်ခဲ့သူများတွင် ဂျပန်နိုင်ငံသား ၁၀ ဦးနှင့်  ၎င်းတို့ ၏   ပါလက်စတိုင်းမိသားစုဝင် ရှစ်ဦး    ပါဝင်ကြောင်း     ပြော သည်။ 


နိုင်ငံတကာ   အစိုးရမဟုတ် သောအဖွဲ့နှင့်    နယ်စည်းမခြား ဆရာဝန်များက အီဂျစ်ဘက်ခြမ်း တွင်  ဂျပန်အမှုထမ်း  သုံးဦးကို ကြိုဆိုခဲ့ကြောင်း    ပြောသည်။ အဆိုပါအဖွဲ့က ဂျပန်အမှုထမ်း များနှင့် တိုက်ရိုက်ဆက်သွယ်ခဲ့ပြီး ၎င်းတို့၏     ဘေးကင်းရေးနှင့် ပတ်သက်ပြီး အတည်ပြုခဲ့သည်။ 


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်  က နိုင်ငံခြားသားများနှင့် တခြား သူများဘေးကင်းရာသို့ ရွှေ့ပြောင်း ရေးသည်    ရက်အတော်ကြာဦး မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁ ရက် က ပြောကြားခဲ့သည်။ 


အမေရိကန်    အရာရှိများက နိုင်ငံခြားသား ၅၀၀၀ ကျော် ဂါဇာ ကမ်းမြောင်ဒေသမှ ရွှေ့ပြောင်းခွင့် ပြုမည်ဟု       ယုံကြည်ကြောင်း စီအင်န်အင်န်က နိုဝင်ဘာ ၁ ရက် က ဖော်ပြခဲ့သည်။ အစ္စရေးတပ်ဖွဲ့ ဝင်များသည်  ဂါဇာကမ်းမြောင် ဒေသရှိ   အကြီးဆုံး   ဒုက္ခသည် စခန်းတစ်ခုကို    နှစ်ရက်ကြာ   လေကြောင်းတိုက်ခိုက်မှု ပြုလုပ် ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် လူ  ၁၉၅ ဦး  သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းဘက်က    ပြော သည်။ 


ဂါဇာဒေသမှ အရာရှိများက လည်း   နှစ်ရက်ကြာတိုက်ခိုက်မှု တွင် အဆောက်အဦးပျက်အောက်  ပိပြီး  ပျောက်ဆုံးနေသူ    ၁၂၀  ရှိ ကြောင်း ပြောသည်။ အောက်တို ဘာ ၇  ရက်က  စတင်ခဲ့သော အစ္စရေး-ဟားမားစ်တို့၏ ပဋိပက္ခ  အတွင်း   သေဆုံးသူပေါင်းမှာ ၁၀၀၀၀   ကျော်ရှိလာပြီး   ဂါဇာ တွင်   သေဆုံးသူ ၈၇၉၆ ဦးရှိကာ အစ္စရေးဘက်တွင်   အနည်းဆုံး ၁၄၀၀ ရှိကြောင်း သိရသည်။ 


အင်န်အိတ်ချ်ကေ