
ဂါဇာ နိုဝင်ဘာ ၂၄
ဟားမားစ် - အစ္စရေး ပဋိပက္ခ ရလဒ်အနေဖြင့် ပါလက်စတိုင်း တွင် အလုပ်လက်မဲ့ဦးရေမှာ ၇၀ ရာခိုင်နှုန်းအထိ ရှိလာသည်ဟု ပါလက်စတိုင်း အလုပ်သမား ဝန်ကြီးက နိုဝင်ဘာ ၂ ၃ ရက်တွင် ပြောသည်။
ထောင်နှင့်ချီသည့် လူနေ အိမ်ရာများ၊ အဆောက်အအုံများ ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက် အလုပ်သမားထုအင်အား ထောင် နှင့်ချီ၍ ဆုံးရှုံးခဲ့ရသည်ဟု ပါလက်စတိုင်း အလုပ်သမား ဝန်ကြီး နာဆရီအဘူ ဂျာအစ်ရှ် ကပြောသည်။
လက်ရှိတွင် ပါလက်စတိုင်း အလုပ်သမား ၃၅၀၀၀၀ ကျော်မှာ အလုပ်လက်မဲ့ဖြစ်နေပြီး အိုးမဲ့ အိမ်မဲ့ ဖြစ်နေသူများလည်း များပြားကြောင်း ၎င်းက ဆက်ပြော သည်။ ထို့ပြင် ဂါဇာမှ အလုပ်သမား ပေါင်း ၄၀၀ ကို အစ္စရေးမှ ဖမ်းဆီး ထားပြီး ဂါဇာဒေသမှ အလုပ်သမား ထောင်နှင့်ချီ၍ အလုပ်ဖြုတ်ခံခဲ့ ရသည်ဟု ၎င်းကဆက်ပြောသည်။ အောက်တိုဘာ ၇ ရက်မှစတင်ကာ အစ္စရေးတို့က ဂါဇာဒေသတွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက် မှုများပြုလုပ်ခြင်း၊ မြေပြင်ထိုး စစ်ဆင်မှုများ ပြုလုပ်ခြင်းတို့ လုပ်ဆောင်ခဲ့သည်။
အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ ဟားမားစ်တို့ဝင်ရောက်တိုက်ခိုက် မှုအပေါ် လက်တုံ့ပြန်သည့်အနေ ဖြင့် ယင်းသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အစ္စရေးသည် ပါလက် စတိုင်း ကမ်းရိုးတန်းဒေသကို တင်းကျပ်စွာ ပိတ်ဆို့ထားသည်။
ဆင်ဟွာ