
နေပြည်တော် စက်တင်ဘာ ၈
အစားအစာဘေးကင်းလုံခြုံရေးနှင့် အာဟာရဓာတ် ပြည့်ဝသည့် အသားရိက္ခာဖူလုံစွာ စားသုံးနိုင်ရေး အတွက် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ် သည့် မျိုးထိန်းခြင်း၊ မျိုးသန့်မျိုးပွားပေးခြင်းနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများ၊ တိရစ္ဆာန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်း များအပြင် သန့်ရှင်းလတ်ဆတ်သော အသားများ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပုဂ္ဂလိကလုပ်ငန်းရှင် များ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန နွားပွဲဈေး၊ သုတေသနနှင့် အသားထုတ်လုပ်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကော်မတီပိုင် အသားထုတ်နယ်မြေ (ရွှေနံ့သာ) နှင့် အဝေးရောက် (ယာယီ) သားသတ်ရုံများ၏ နေ့စဉ် အသား ထုတ်လုပ်နေမှုများကို လည်းကောင်း၊ အသား ထုတ်လုပ်ရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များနှင့် အသားထုတ်လုပ်ရောင်းချနေသူများ၊ ဈေးခုံရရှိသူများ အား စည်းမျဉ်းစည်းကမ်းများ၊ သတ်မှတ်ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ နိုင်ငံတော်အတွက် အခွန်အခများ အပြည့်အဝကောက်ခံနိုင်ရေး စီစဉ် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းမှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်