အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရရှိသည့်  ဆရာတော် ဘဒ္ဒန္တ သုမန၏ ဂုဏ်ပြုပူဇော်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင် တက်ရောက်

 

ဝါးခယ်မ   ဧပြီ    ၁၀


နိုင်ငံတော်အစိုးရက ဆက်ကပ်သော  “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရရှိသည့်  စက်ရုံဓမ္မရိပ်သာ ကျောင်း ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုမန ၏  ဂုဏ်ပြုပူဇော်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင်  ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ စက်ရုံဓမ္မရိပ်သာကျောင်းတိုက်၌  ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးတင်မောင်ဝင်း၊ တိုင်း/ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

 


ရှေးဦးစွာ ဧည့်ပရိသတ်များက  နမောတဿ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ကာ   ဆရာ တော်   ဘဒ္ဒန္တသုမနထံမှ   ငါးပါး သီလခံယူကြပြီး  ဧရာဝတီတိုင်း ဒေသကြီး    သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ     မရမ်းချိုကျောင်းတိုက် ပဓာနနာယက  ဆရာတော်  အဂ္ဂ မဟာဂန္ထ    ဝါစကပဏ္ဍိတ    အဂ္ဂ မဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သောဘိတထံမှ ဩဝါဒနာယူကြသည်၊၊

 


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်း မောင်က     သာသနာရေးဆိုင်ရာ များ  လျှောက်ထား၍   အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်အား ထပ်ဆင့်ဆက်ကပ် ပူဇော်သည်။ 

 


ယင်းနောက်   ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်  ဦးတင်မောင် ဝင်းက  ဆရာတော် သံဃာတော် များအား              လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

 


ဆက်လက်၍ ဧည့်ပရိသတ် များက  မော်လမြိုင်ကျွန်း မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာ တော်    ဘဒ္ဒန္တဇောတိက    ထံမှ ရေစက်ချတရားနာယူကြပြီး   ဗုဒ္ဓ သာသနံ   စိရံတိဋ္ဌတု   သုံးကြိမ် ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်း လိုက်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင်   နိုင်ငံတော် စီမံအုပ်ချုပ်ရေး    ကောင်စီဝင် မန်းငြိမ်းမောင်သည်   ဧရာဝတီ တိုင်းဒေသကြီး   မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် သဲကုန်း/ကြာဖြူ ကျေးရွာ၌   ပြုလုပ်သည့်   သုံးသီး စိုက် (စပါး၊ ပဲ၊ စပါး) ခြောက်ဧက စိုက်ပျိုးထားရှိမှုနှင့်    မြေဆီလွှာ ဖွံ့ဖြိုး          တိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲ   အခမ်းအနား သို့ တက်ရောက်သည်။ 

 


နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီဝင်         မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ်   ဦးတင်မောင်ဝင်း၊  တိုင်း ဒေသကြီး  စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် တိုင်း /ခရိုင်/မြို့နယ်မှ     တာဝန်ရှိသူများက ဝါးခယ်မမြို့နယ်  သဲကုန်းကျေးရွာ အုပ်စု   ကွင်းအမှတ်   (၁၀၀၃)၊ ဦးပိုင်အမှတ်   (၁၇/၂)   တောင်သူ ဦးအောင်နိုင်ထွန်း၏ လယ်မြေ အတွင်း သုံးသီးစိုက် (လုပ်ကွက် ငယ်)၊   တောင်သူများ   တစ်ဧက ဝင်ငွေတိုး   ရက်  ၉၀   စပါးမျိုး ခြောက်ဧက   စံပြစိုက်ခင်းတွင်  နေရောင်ခြည်သုံး ဆိုလာစနစ်ဖြင့်  ရေတင်ခြင်းလုပ်ငန်းကို    ကြည့်ရှု ပြီး မြေဆီလွှာ ဖွံ့ဖြိုးရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော် မျိုးစေ့)  များကို  တောင်သူများ လက်ဝယ်ပေးအပ်၍ စုပေါင်းကြဲ ပက်ခြင်းလုပ်ငန်းများ ဆောင်ရွက် ကြောင်း သိရသည်။  

သတင်းစဉ်