အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၈) ကြိမ်မြောက်စာတမ်းဖတ်ပွဲ ကျင်းပ

 

နေပြည်တော်  စက်တင်ဘာ   ၈


အာရှတိုက်ဆိုင်ရာ  စာရင်းစစ်ချုပ် ရုံးများအဖွဲ့ (Asian Organisation of Supreme Audit Institutions: ASOSAI)၏ (၁၅) ကြိမ်မြောက် စုံညီ ညီလာခံကို စက်တင်ဘာ ၇ ရက်တွင်   ထိုင်းနိုင်ငံက   အိမ်ရှင် အဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့် ဖြင့်   ပြုလုပ်ခဲ့ပြီး  ယနေ့တွင် ASOSAI ၏      (၈) ကြိမ်မြောက် စာတမ်းဖတ်ပွဲကို     ဆက်လက် ကျင်းပသည်။


အဆိုပါ    စာတမ်းဖတ်ပွဲသို့  အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ် ရုံးများအဖွဲ့      အဖွဲ့ဝင်နိုင်ငံများ မှ        အဆင့်မြင့်အရာရှိကြီးများ ဦးဆောင်သည့် ကိုယ်စားလှယ် များ            တက်ရောက်ကြပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေး ရေး)နှင့် စာတမ်းဖတ်ကြားမည့် ညွှန်ကြားရေးမှူးများ         ပါဝင် တက်ရောက်ကြသည်။


အခမ်းအနားတွင် အာရှတိုက် ဆိုင်ရာ   စာရင်းစစ်ချုပ်ရုံးများ အဖွဲ့ဥက္ကဋ္ဌဖြစ်သူ   ထိုင်းနိုင်ငံ စာရင်းစစ်ချုပ်        General Chanathap    Indamra    က အဖွင့်မိန့်ခွန်း ပြောကြားသည်။


ယင်းနောက် ASOSAI ၏ (၈) ကြိမ်မြောက်စာတမ်းဖတ်ပွဲ “The ASOSAI and the Next Normal: Resilience amidst Challenges” ကို ခေါင်းစဉ်ခွဲ လေးခုဖြစ်သည့် “Promoting good governance in the next normal” ၊ “Enco- uraging for the achievements of Sustainable Development Goal (SDGs)” ၊ “Leveraging by using advanced technologies for public sector auditing” နှင့် “Responding to disaster and pandemic issues”   တို့ဖြင့် Virtual Room  အသီးသီးတွင် Parallel session ဖြင့် ကျင်းပ သည်။ 


ယင်း    စာတမ်း  ဖတ်ပွဲသို့  ပြည်ထောင် စုစာရင်းစစ်ချုပ်ရုံး  အနေဖြင့် စာတမ်းလေးစောင်ပေး ပို့ခဲ့ပြီး အသိပညာ၊ အတွေ့အကြုံ နှင့် အမြင်များဖလှယ်၍ ဖတ်ကြား တင်ပြသည်။ 


စာတမ်းဖတ်ပွဲတွင် Promo- ting good governance in the next normal ခေါင်းစဉ်၊ Enco- uraging for the achievements of SDGs ခေါင်းစဉ်၊ Leveraging by using advanced technolo- gies for public sector auditing ခေါင်းစဉ်နှင့် Responding to disaster and pandemic issues ခေါင်းစဉ်တို့ကို အသိပညာ ဗဟု သုတများ၊ အတွေ့အကြုံများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး တင်သွင်းခဲ့သည့်  စာတမ်းများ စုစည်းထားသော Compendium Report ကို ASOSAI Website နှင့် ASOSAI   Thailand   Website တို့တွင်    လွှင့်တင်ပေးမည်ဖြစ် ကြောင်း သိရသည်။   


သတင်းစဉ်