အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ ကမ္ဘောဒီးယားကို မြန်မာအသင်း အနိုင်ယူ

 

ရန်ကုန်  မတ်  ၈


၂၀၂၄ အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ အုပ်စု (G) ပထမနေ့ကို   မတ်  ၈  ရက်က   ကမ္ဘောဒီးယားနိုင်ငံ၌ စတင် ကျင်းပရာ မြန်မာအသင်းက အိမ်ရှင်ကမ္ဘောဒီးယားအသင်းကို  နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

 


နိုင်ငံတကာပြိုင်ပွဲများနှင့် ကာလအတန်ကြာဝေးကွာပြီး ယခုမှစတင်ယှဉ်ပြိုင်ရသည့် မြန်မာ ယူ - ၂၀ အမျိုးသမီး အသင်းသည် ရုန်းကန်ခဲ့ရသော်လည်း အဖွင့်ပွဲတွင် ရလဒ် ကောင်းရယူနိုင်ခဲ့သည်။ မြန်မာအသင်းသည်  ကမ္ဘောဒီးယား ကို    ဒုတိယပိုင်းသွင်းဂိုးများဖြင့်   အနိုင်ယူခဲ့ခြင်းဖြစ်သည်။  မြန်မာအသင်းသည်    မေဦးခင် (ဂိုး)၊    နှင်းပွင့်အေး၊ ခင်ဌေး ကြိုင်၊ ဖြူဖွေး၊ မေသက်မွန်မြင့်၊ နန်းချိုမွှေး၊ ဖြူဖြူဝင်း၊ ဝေဖူး အိမ်၊ ဇင်မိုးပြည့်၊ ကြယ်စင်၊ ယုယနိုင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းသည်   ဒုတိယပိုင်းမှ  ဂိုးများရရှိခဲ့ပြီး ၄၉ မိနစ် တွင်    အဖွင့်ဂိုးရခဲ့ပြီး  စန္ဒာလင်းက သွင်းယူခဲ့သည်။ ဂိုးရပြီး နောက်ပိုင်း  မြန်မာအသင်း  ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ဒုတိယ ဂိုးကို ၆၄ မိနစ်တွင် ဝေနှင်းဖြိုးက သွင်းယူခဲ့သည်။

 


မြန်မာအသင်းသည်  အုပ်စုနောက်ဆုံးပွဲအဖြစ် မတ် ၁၂ ရက်တွင် မလေးရှားအသင်းနှင့် ကစားရမည်ဖြစ်သည်။ 


ရဲရင့်လွင်