အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ အောင်မြင်ရေး အဆုံးအဖြတ်ပွဲအဖြစ် မြန်မာအသင်း တရုတ်နှင့် ကစားရမည်

 

ရန်ကုန်    ဇွန်   ၉


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် ၂၀၂၄ အာရှ ဖလား ယူ-၂၀ အမျိုးသမီး ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု (ခ) နောက်ဆုံး နေ့ပွဲစဉ်အဖြစ် ဇွန် ၁၀ ရက် (ယနေ့) ညနေ ၆ နာရီခွဲတွင် မြန်မာအသင်း သည် ခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်ပွဲအဖြစ် တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 


ဒုတိယနေ့အပြီးတွင်  တရုတ်အသင်းက   ခြောက်မှတ်၊   မြန်မာ အသင်းက လေးမှတ်ရရှိထားပြီး ခြေစစ်ပွဲအောင်မြင်ရန် တရုတ်အသင်း ကို အနိမ့်ဆုံးသရေကစားရမည်ဖြစ်သည်။

 


ဒုတိယအဆင့်ခြေစစ်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စု (က)ပွဲစဉ်များ ကျင်းပပြီးစီးထားရာ သြစတြေးလျအသင်းနှင့် ဗီယက်နမ် အသင်း ခြေစစ်ပွဲအောင်မြင်ပြီးဖြစ်သည်။ အုပ်စု (က) တွင် သြစတြေးလျ နှင့် ဗီယက်နမ်အသင်း   ခြေစစ်ပွဲအောင်မြင်ထားသလို  အုပ်စု (ခ) တွင် လည်း တရုတ်အသင်းက  ခြေစစ်ပွဲအောင်မြင်ရန် သေချာသွားပြီဖြစ် သည်။                                                     

ရဲရင့်လွင်