
မြဝတီ သြဂုတ် ၁၆
မြဝတီ-ကော့ကရိတ် အာရှလမ်းမ ကြီး မိုင်တိုင်အမှတ် ၁၅၀ နှင့် ၁၅၁ ကြားရှိ ကတ္တရာလမ်းမကြီးသည် သြဂုတ် ၇ ရက်က ပြိုကျပျက်စီး ခဲ့သည့်အတွက် မြဝတီကုန်သွယ် ရေးဇုန် နယ်စပ်ဂိတ်ပေါက်မှ ကုန်သွယ်မှု အခက်အခဲဖြစ်ပေါ်ခဲ့ သော်လည်း အခြားဂိတ်များမှ ပြောင်းလဲကုန်သွယ် ခွင့်ပြုခဲ့သည့် အတွက် ပြည်တွင်းကုန်စည် စီးဆင်းမှုတွင် အဟန့်အတားမရှိ နိုင်ကြောင်း မြဝတီကုန်သွယ်ရေး ဇုန် တာဝန်ခံ ညွှန်ကြားရေးမှူး ဦးညီညီသိန်းဇံထံမှ သိရသည်။
ထိုင်းနိုင်ငံမှ အများဆုံး တင်သွင်းလျက်ရှိသည့် ကုန် ပစ္စည်းများမှာ ပလတ်စတစ် ကုန်ကြမ်း၊ စက်ဘီးနှင့် စက်ဘီး အပိုပစ္စည်း၊ ဆိုင်ကယ်အပိုစ္စည်း၊ ကုန်စုံနှင့် စက်ပစ္စည်းများ အများ ဆုံးဖြစ်သည်။ မြဝတီကုန်သွယ် ရေးဇုန်အနေဖြင့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လ အထိ ပို့ကုန်အနေဖြင့် ၁၈၉ ဒသမ ၆၉၉ ဒေါ်လာသန်း၊ သွင်းကုန် အနေဖြင့် ၄၂၆ ဒသမ ၁၉၄ ဒေါ်လာသန်းနှင့် ကုန်သွယ်မှု ပမာဏအနေဖြင့် ၆၁၅ ဒသမ ၈၉၂ ဒေါ်လာသန်း ဆောင်ရွက် နိုင်ခဲ့ကြောင်း မြဝတီကုန်သွယ်ရေး ဇုန် တာဝန်ခံ ညွှန်ကြားရေးမှူး ထံမှ သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)