
ရန်ကုန် ဩဂုတ် ၂၄
၂၀၂၄-၂၀၂၅ ရာသီ အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စုပွဲများကို သြဂုတ် ၂၅ ရက် (ယနေ့) စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသမီးကလပ် မြဝတီအသင်းသည် ဆော်ဒီအာရေဗျ ကလပ်အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။
ခြေစစ်ပွဲအုပ်စုပွဲများကို သြဂုတ် ၂၅ ရက်မှ ၃၁ ရက်အထိ အုပ်စု လေးခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ် မြဝတီအသင်းသည် ဆော်ဒီအာရေဗျနိုင်ငံ၌ကျင်းပမည့် အုပ်စု (က) တွင် ကျရောက်နေ သည်။ မြဝတီအသင်းသည် အိမ်ရှင်ဆော်ဒီအာရေဗျကလပ် အယ်လ် နာဆာအသင်း၊ ယူအေအီးကလပ် အဘူဒါဘီအသင်း၊ လာအိုကလပ် Young Elephant အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေခြင်း ဖြစ်သည်။
မြဝတီအသင်းသည် အုပ်စုပွဲများအဖြစ် မြန်မာစံတော်ချိန် သြဂုတ် ၂၆ ရက် နံနက် ၁ နာရီတွင် အိမ်ရှင်ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာအသင်း၊ မြန်မာစံတော်ချိန် သြဂုတ် ၂၈ ရက် ည ၉ နာရီတွင် ယူအေအီးကလပ် အဘူဒါဘီအသင်း၊ မြန်မာစံတော်ချိန် သြဂုတ် ၃၁ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် လာအိုကလပ် Young Elephant အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ခြေစစ်ပွဲကို အုပ်စုလေးခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အမှတ် အများဆုံးရရှိသည့် ထိပ်ဆုံးတစ်သင်းစီ ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။ နောက်ဆုံးအဆင့်တွင် အသင်းစုစုပေါင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲအောင် လေးသင်း၊ တိုက်ရိုက်ကစားခွင့်ရ ရှစ်သင်း ပါဝင်မည်ဖြစ်သည်။ ကိုညီလေး