
ရန်ကုန် ဇူလိုင် ၂၀
မော်လ်ဒိုက်နိုင်ငံ၌ ဇူလိုင် ၁၇ ရက်မှ ၂၁ ရက် အထိ ကျင်းပသည့် (၅၄) ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု ချန်ပီယံ ရှစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဒုတိယ (ငွေတံဆိပ်)ဆု ထပ်မံဆွတ်ခူးရရှိကြောင်း သိရ သည်။
ဇူလိုင် ၂၀ ရက်က ကျင်းပသည့် အမျိုးသား ၇၀ ကီလိုတန်းတွင် အိန္ဒိယက ပထမ၊ မြန်မာမှ ရဲထွန်းနောင်က ဒုတိယ၊ အင်ဒိုနီးရှားက တတိယ ရရှိခဲ့ပြီး ၈၀ ကီလို တန်းတွင် ခင်မောင်ကျော်က စတုတ္ထ၊ ၅၅ ကီလိုတန်းတွင် ကျော်မင်းသန်းက နောက်ဆုံး ဆန်ခါတင်ဖိုင်နယ် ငါးဦး တက်ရောက်ခဲ့ကာ ပဉ္စမနေရာဖြင့် ကျေနပ်ခဲ့ရသည်။ အဆိုပါပြိုင်ပွဲ တွင် မြန်မာကာယဗလအားကစားအဖွဲ့သည် အမျိုးသမီးကာယဗလ ၁၆၀ စင်တီမီတာ အထက်တွင် အေးသန္တာခိုင်က ရွှေ၊ အမျိုးသား ၇၀ ကီလိုတန်းတွင် ရဲထွန်းနောင်က ငွေတံဆိပ် ဆုရရှိကြောင်း သိရသည်။
အာကာစိုး