
ရန်ကုန် စက်တင်ဘာ ၁၆
(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာအမျိုးသားဘောလုံးအသင်း နည်းပြချုပ် ဖိုက်အွန်ဘိုင်နာသည် အပြီးသတ် ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသား ဘောလုံးပြိုင်ပွဲကို အသက် ၂၃ နှစ်အောက် ပြိုင်ပွဲအဖြစ် သတ်မှတ်ထားသော်လည်း ယခု အကြိမ်ပြိုင်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နှစ်နောက်ဆုတ် ကျင်းပသဖြင့် ယူ-၂၄ ကစားသမားများဖြင့် ယှဉ်ပြိုင်ခွင့်ပြုထားပြီး အသက်ကျော်ကစားသမား သုံးဦး ထည့်သွင်း အသုံးပြုခွင့်ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ အသင်းသည် အသက်ကျော်ကစားသမားများ အဖြစ် ရန်ကျော်ထွေး၊ ရန်နိုင်ဦးနှင့် နေမိုးနိုင် တို့ကို ရွေးချယ်ခဲ့ပြီး အသက်မီသည့် ဝေလင်း အောင်၊ ထက်ဖြိုးဝေ၊ ဟိန်းဇေယျာလင်း စသည့်ကစားသမားများလည်း ပါဝင်လာ သည်။ မြန်မာ ယူ-၂၃ အမျိုးသားအသင်းတွင် နည်းပြချုပ်အဖြစ် ဖိုက်အွန်ဘိုင်နာ(ဂျာမနီ)၊ကစားသမားများအဖြစ် ဂိုးသမား- ဇင်ညီညီ အောင် (ဒဂုံစတား)၊ ပြည့်ဖြိုးအောင် (ဟံသာ ဝတီ)၊ ပြည့်ဖြိုးသူ (ရတနာပုံ)၊ နောက်တန်း-ကောင်းထက်ပိုင်၊ သက်ဟိန်းစိုး (ရတနာပုံ)၊ မင်းခန့် (ရခိုင်)၊ ဟိန်းဇေယျာလင်း၊ ဇင်ကို ထက်၊ ဉာဏ်လင်းထက် (ရန်ကုန်)၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ လတ်ဝေဘုန်း (ဧရာဝတီ)၊ အလယ်တန်း - အာကာကျော် (မဟာယူနိုက် တက်)၊ ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း၊ ဥက္ကာနိုင် (ရန်ကုန်)၊ ဝေလင်းအောင်၊ မင်းမြတ်စိုး (ဒဂုံစတား)၊ နေမိုးနိုင်၊ ခွန်ကျော်ဇင်ဟိန်း (ဟံသာဝတီ)၊ ရှေ့တန်း-ချစ်အေး (ရတနာပုံ)၊ ထက်ဖြိုးဝေ(ရှမ်းယူနိုက်တက်) နှင့် ရန်ကျော် ထွေး (ရန်ကုန်)တို့ ပါဝင်သည်။ မြန်မာဘောလုံး အသင်းသည် စက်တင်ဘာ ၁၆ ရက်က ရန်ကုန် မြို့မှ တရုတ်နိုင်ငံ ဟန်ကျိုးမြို့သို့ ထွက်ခွာ သွားသည်။
အုပ်စုခြောက်ခုခွဲ၍ ကျင်းပမည်
မြန်မာအသင်းသည် အိမ်ရှင်တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယအသင်းတို့နှင့် တစ်အုပ်စု တည်းကျရောက်နေပြီး အုပ်စုပွဲများအဖြစ် စက်တင်ဘာ ၁၉ ရက်တွင် ဘင်္ဂလားဒေ့ရှ် အသင်း၊ စက်တင်ဘာ ၂၁ ရက်တွင် တရုတ် အသင်း၊ စက်တင်ဘာ ၂၄ ရက်တွင် အိန္ဒိယ အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပြိုင်ပွဲကို အုပ်စုခြောက်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရရှိသည့် နှစ်သင်းစီနှင့် တတိယနေရာရအသင်းများ အနက် အကောင်းဆုံးလေးသင်း စုစုပေါင်း ၁၆ သင်း နောက်တစ်ဆင့် တက်ရောက်ခွင့်ရ မည်ဖြစ်သည်။
ရဲရင့်လွင် ၊ ဓာတ်ပုံ-MFF