“အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်အဖွဲ့အစည်း၏ (၁၀) ကြိမ်မြောက် ဂီတပွဲတော်” မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   ဇွန်    ၂၉


ပြည်သူများ    အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့်   စိတ်ခွန်အား သစ်များ     ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  ဖျော်ဖြေရေး    အစီအစဉ်များကို တိုးမြှင့်         တင်ဆက်လျက်ရှိရာ Friday Night Show ဆန်းသစ် တင်ဆက်မှုအဖြစ် “အာရှ-ပစိဖိတ် ဒေသတွင်း           ရုပ်သံလွှင့်အဖွဲ့ အစည်း၏   (၁၀)  ကြိမ်မြောက် ဂီတပွဲတော် ”    (10th  ABU   TV SONG   FESTIVAL)    ဖျော်ဖြေမှု ကို  ဇူလိုင် ၁ ရက်  သောကြာနေ့ ည (၈) နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့် ပြသမည်ဖြစ်သည်။ 

 


အာရှ-ပစိဖိတ်    ဒေသတွင်း ရုပ်သံလွှင့်အဖွဲ့အစည်း     (ABU) တွင် မြန်မာနိုင်ငံ၏ MRTV သည် တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး  ABU TV Song Festival ကို နှစ်စဉ် ကျင်းပလေ့ရှိရာ    အဖွဲ့ဝင်နိုင်ငံ များရှိ ရုပ်သံဌာနများမှ နာမည်ကြီး တေးသံရှင်များနှင့် တေးဂီတအဖွဲ့ များ ပါဝင်ဆင်နွှဲကြကြောင်း၊ 10th ABU TV SONG FESTIVAL ဂီတ ပွဲတော်တွင် အဖွဲ့ဝင်နိုင်ငံများက  ရိုက်ကူး      ပေးပို့မှုများအနက်မှ အိန္ဒိယ၊ တူကီယဲ၊ တရုတ်(မကာအို)၊ တောင်ကိုရီးယား၊    ဗီယက်နမ်၊ အင်ဒိုနီးရှား၊   ဂျပန်၊    ဘရူနိုင်း၊ မလေးရှားနှင့် ကာဇက်စတန်နိုင်ငံ တို့မှ  တေးသီချင်း ၁၀ ပုဒ်ကို ရွေးချယ်ထားရှိရာ အဆိုပါနိုင်ငံ တကာတေးသီချင်း       ဖျော်ဖြေ တင်ဆက်မှုများကို ပရိသတ်များ ကြည့်ရှုခံစားနိုင်ရန်အတွက် စီစဉ် ထုတ်လွှင့်ခြင်း         ဖြစ်ကြောင်း၊ ယင်းတင်ဆက်မှုကို ဇူလိုင် ၃ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့် ပြသမည် ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်