အာရှ-ပစိဖိတ်ဒေသရှိ Teams ဆက်သွယ်ရေးနည်းပညာအသုံးပြုပလက်ဖောင်းတွင် အနှောင့်အယှက်များဖြစ်နေသည့်အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မိုက်ခရိုဆော့ဖ် ပြောကြား

 

ဝါရှင်တန်   ဖေဖော်ဝါရီ   ၈


အာရှ-ပစိဖိတ်ဒေသရှိ  Teams ဆက်သွယ်ရေးနည်းပညာ  အသုံးပြု ပလက်ဖောင်းတွင်   အနှောင့်အယှက်များ  ဖြစ်နေသည့်အပေါ်   စုံစမ်း စစ်ဆေးမှုများ  ပြုလုပ်လျက်ရှိကြောင်း  မိုက်ခရိုဆော့ဖ်က  ပြောကြား လိုက်သည်။ 

 


အမေရိကန်၏အကြီးဆုံး နည်းပညာကုမ္ပဏီကြီးက ဖေဖော်ဝါရီ ၈ ရက်က  တွစ်တာပေါ်တွင် စုံစမ်းစစ်ဆေးမှုများကို ကြေညာခဲ့သည်။ အသုံးပြုသူတချို့က အွန်လိုင်းအစည်းအဝေးပွဲများအတွက် Teams ကိုအသုံးပြု၍မရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

 


ယင်းအပေါ် မိုက်ခရိုဆော့ဖ်က တခြားဆက်သွယ်ရေး လမ်းကြောင်း တစ်ခုဖွင့်ပေးရင်း တုံ့ပြန်ဖြေရှင်းပေးခဲ့သည်။ ယခုအခါတွင် ဝန်ဆောင်မှု များမှာ တစ်စိတ်တစ်ပိုင်းပြန်လည်ရရှိနေပြီဖြစ်သည်။ 

 


ဝန်ဆောင်မှုများ  အပြည့်အဝ  ပြန်လည်ရရှိရန်  ကြိုးစားဆောင် ရွက်လျက်ရှိကြောင်း      မိုက်ခရိုဆော့ဖ်     နည်းပညာကုမ္ပဏီကြီးက ပြောခဲ့သည်။ 


အင်န်အိတ်ချ်ကေ