အာဖရိကဦးချိုဒေသတွင် မိုးခေါင်ပြီး ရေရှားပါးမှုကြောင့် လူဦးရေတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်

 

ကုလသမဂ္ဂ   ဇွန်   ၁၈ 


အာဖရိကဦးချိုဒေသတွင် မိုးခေါင်ပြီး ရေရှားပါး မှုကြောင့် လူဦးရေတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပြီး အစားအစာ၊ ရေနှင့် စားကျက်မြေ များကို    ရှာဖွေလျက်ရှိကြောင်း ကုလသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကမ္ဘာ့သဲကန္တာရ ဖြစ်ထွန်းမှုနှင့်     မိုးခေါင်မှုတိုက်ဖျက်ရေးနေ့ ဖြစ်သော ဇွန် ၁၇ ရက်တွင် ပြောသည်။ 

 


အီသီယိုးပီးယား၊ ကင်ညာနှင့် ဆိုမာလီယာ နိုင်ငံတို့မှ   လူဦးရေ   ၁၂   သန်းကျော်သည် သန့်ရှင်းသော  သောက်သုံးရေလုံလောက်စွာ မရရှိကြောင်း  ကုလသမဂ္ဂမှပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်က ပြောသည်။ ထို့အပြင် လူဦးရေ ၁၈ ဒသမ ၄ သန်းကျော်သည်  စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ဆိုးရွားစွာ ကြုံတွေ့နေရ ကြောင်း၊   ဆိုမာလီယာနိုင်ငံတွင်   ငတ်မွတ် ခေါင်းပါးမှုအန္တရာယ်    မြင့်မားလျက်ရှိပြီး  လူပေါင်း   ၂၀၀၀၀၀ ကျော်သည်   ငတ်မွတ် ခေါင်းပါးမှုအန္တရာယ်ကို ဆိုးရွားစွာကြုံတွေ့ နေရကြောင်း သိရသည်။ 

 


ယခုနှစ်တွင် လက်ရှိအချိန်အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ   မိတ်ဖက် အဖွဲ့အစည်းများက အီသီယိုးပီးယား၊ ကင်ညာ နှင့်    ဆိုမာလီယာနိုင်ငံတို့ရှိ   မိုးခေါင်မှုဒဏ် ကြုံတွေ့ခဲ့ရသော လူဦးရေ ၇ ဒသမ ၇ သန်း နီးပါးကို ကူညီထောက်ပံ့ပေးထားပြီး ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အသက်ရှင်ရပ်တည် မှုနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထောက်ပံ့ပေးနိုင်ရန်နှင့်   လာမည့်လအတွင်း ငတ်မွတ်ခေါင်းပါးခြင်း၊    သေဆုံးခြင်းတို့မှ ရှောင်ရှားနိုင်ရန်အတွက် ရန်ပုံငွေအရေးပေါ်လိုအပ်နေကြောင်း ဟတ်က ပြောသည်။                                              


ဆင်ဟွာ