အာဖရိကဦးချိုဒေသတွင် စားနပ်ရိက္ခာမဖူလုံမှုနှင့် လူပေါင်း ၅၈ သန်းကျော် ရင်ဆိုင်နေရ

 

နိုင်ရိုဘီ ဖေဖော်ဝါရီ ၂၈


အာဖရိကဦးချိုဒေသတွင် လူပေါင်း ၅၈ ဒသမ ၁ သန်းခန့်မှာ စားနပ်ရိက္ခာမဖူလုံမှုနှင့်  ရင်ဆိုင်နေရ ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (အက်ဖ်အေအို)နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစိုးရအချင်းချင်းပူးပေါင်း ဆောင်ရွက်ရေး (အိုင်ဂျီ အေဒီ) အဖွဲ့တို့က ဖေဖော်ဝါရီ ၂၇ ရက်တွင် ထုတ်ပြန် သည့် ပူးတွဲအစီရင်ခံစာတွင် ဖော်ပြထားသည်။ 
၎င်းတို့ထဲမှ ၃၀ ဒသမ ၅ သန်းမှာ အိုင်ဂျီအေဒီအဖွဲ့ဝင်နိုင်ငံများအနက်    ခြောက်နိုင်ငံဖြစ်သည့် ဂျီဘူတီ၊  ကင်ညာ၊  ဆိုမာလီယာ၊   တောင်ဆူဒန်၊ ဆူဒန်နှင့်  ယူဂန္ဓာနိုင်ငံတို့မှဖြစ်ကြောင်း   အက်ဖ် အေအိုနှင့် အိုင်ဂျီအေဒီက ပြောသည်။ အခြား  ၂၇ ဒသမ ၆ သန်းမှာ ဘူရွန်ဒီ၊ ဗဟိုအာဖရိက၊ ကွန်ဂိုနှင့် တန်ဇန်းနီးယားနိုင်ငံတို့မှဖြစ်ကြောင်း သိရသည်။ 
စားနပ်ရိက္ခာမဖူလုံသူအများစုဖြစ်သည့် ၂၃ ဒသမ ၄ သန်းမှာ  ကွန်ဂိုနိုင်ငံမှဖြစ်ပြီး  ၎င်းနောက်တွင် ဆူဒန် နိုင်ငံက ၁၇ ဒသမ ၇ သန်းနှင့် တောင်ဆူဒန် နိုင်ငံက   လေးသန်းဖြင့်   အများဆုံးဖြစ်ကြောင်း အက်ဖ်အေအိုနှင့် အိုင်ဂျီအေဒီက ပြောသည်။ 
ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး၏ ထုတ်ပြန်ချက်အရ ကင်ညာ၊ ဆိုမာလီယာ၊ ယူဂန္ဓာ၊ ဘူရွန်ဒီနှင့် အီသီယိုးပီးယား နိုင်ငံတို့၌  ၂၀၂၃  ခုနှစ်  အောက်တိုဘာလနှင့် ဒီဇင်ဘာလကြားတွင်    အယ်နီညိုရာသီဥတုနှင့် ဆက်စပ်သော ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် လူပေါင်း ၅ ဒသမ ၂ သန်းကျော်  ရေဘေးသင့်ခဲ့ပြီး ၄၇၉   ဦးထက်မနည်း   သေဆုံးခဲ့ကြောင်း   သိရ သည်။      

                                                              
ဆင်ဟွာ