
အဒစ္စအဘာဘာ ဖေဖော်ဝါရီ ၂၈
အာဖရိက ဦးချိုဒေသ၌ မိုးခေါင်ရေရှားမှု၏ သက်ရောက် မှုများအား ရွှေ့ပြောင်းနေထိုင် ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်း(အိုင်အိုအမ်)က သတိ ပေးထားသည်။ အာဖရိကဦးချို ဒေသ၌ သမိုင်းဝင် ပဉ္စမမြောက် မိုးရွာသွန်းမှု မရှိသောကြောင့် မိုးခေါင်ရေရှားဒေသတွင် လူပေါင်း ၃၆ သန်းကျော် ထိခိုက်မှုရှိခဲ့ ကြောင်း၊ ထိုထဲမှ လူပေါင်း နှစ်သန်းကျော်မှာ အသက်ကယ် အကူအညီများ ရရှိရန်အလို့ငှာ အိုးအိမ် စွန့်ခွာ ခဲ့ကြရကြောင်း ဖေဖော်ဝါရီ ၂၇ ရက်က ထုတ်ပြန် ခဲ့သော အာဖရိက အရှေ့နှင့် အာဖရိကဦးချို၏ မိုးခေါင် ရေရှားမှု တုံ့ပြန်ရေးအစီရင်ခံစာ တွင် အိုင်အိုအမ်က ပြောသည်။
နှစ်ကာလ များစွာကြာ မိုးခေါင်ရေရှားမှု၏ ကပ်ဘေး ဆိုးကျိုးများ အာဖရိက ဦးချို ဒေသ၌ ၂၀၂၃ ခုနှစ်တွင် ဆက်လက်ဖြစ်ပေါ် နေဦးမည် ဖြစ်ကြောင်း၊ လူမှုအသိုင်းအဝိုင်း များမှာလည်း အရေးပေါ်အကူ အညီများ လိုအပ်နေဦးမည်ဖြစ် ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ (ဒဗလျူအမ်အို)က ပြီးခဲ့သည့် သီတင်းပတ်တွင် သတိပေးထား သည်။ ထို့အပြင် ရာသီအလိုက် ခန့်မှန်းချက်အသစ်အရ လာမည့် သုံးလအတွင်း နေရာဒေသ အများစုတွင် သာမန်အောက် မိုးရွာသွန်းမှု ဖြစ်ပေါ်လာနိုင်ဖွယ် ရှိကြောင်း ဒဗလျူအမ်အိုက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ထိုကဲ့သို့ ဖြစ်ပေါ်လာပါက မိုးခေါင်ရေရှားမှုဒဏ် အဆိုးရွား ဆုံးခံရသော အီသီယိုးပီးယား၊ ကင်ညာနှင့် ဆိုမာလီယာနိုင်ငံ တို့အတွက် မကြုံစဖူး ဆဋ္ဌမ မြောက် ဆိုးရွားသည့်ရာသီ ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ လမှ ဒီဇင်ဘာလအတွင်း မိုးရွာ သွန်းမှုနည်းခြင်းမှ လက်ရှိ မိုးခေါင်ရေရှားမှု စတင်ခဲ့ခြင်း ဖြစ်ကြောင်း ဒဗလျူအမ်အိုက ပြောသည်။
ဆင်ဟွာ