အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၆ ဒသမ ၉၆ သန်းရှိ

အဒစ်အဘာဘာ   ဩဂုတ်    ၇


အာဖရိကတိုက်၌ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၆၉၆၄၁၉၄ ဦးရှိလာကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်  ရေးစင်တာက ပြောကြားသည်။


အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား ကိုယ်စားပြုသည့် အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ၏ ပြောကြားချက်အရ အာဖရိကတိုက်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူပေါင်း ၁၇၅၈၇၈ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၆၀၈၂၆၅၅ ဦးရှိကြောင်း သိရ သည်။


အာဖရိကတိုက်၌ တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှား နိုင်ငံ၊ အီဂျစ်နိုင်ငံနှင့် အီသီယိုပီးယားနိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအများဆုံးနိုင်ငံများဖြစ်ကြောင်းလည်း  အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။


အာဖရိကတိုက်၌  အာဖရိကတောင်ပိုင်းဒေသသည်   ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အများဆုံးဒေသဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့သည်  ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု  ဒုတိယ အများဆုံး ဖြစ်ကာ အာဖရိကအလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအနည်းဆုံးဒေသဖြစ်ကြောင်း သိရသည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်