အာဖရိကတစ်ဝန်း   ကိုဗစ် - ၁၉ ကူးစက်ခံရသူ   ၁၁ ဒသမ ၁၂ သန်းအထိ ရှိလာ 

 

အဒစ္စအဘာဘာ ဖေဖော်ဝါရီ ၂၂
အာဖရိကတစ်ဝန်းတွင် ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းအထိ ကိုဗစ် -၁၉ကူးစက်ခံရသူ ၁၁၁၂၅၅၀၇ ဦးရှိလာသည်ဟု  အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (အာဖရိက စီဒီစီ ) ကပြောသည်။ 
အာဖရိကတိုက်တစ်လွှား ကိုဗစ် -၁၉ ကြောင့် သေဆုံးသူဦးရေမှာလည်း ၂၄၇၂၇၀  ရှိလာကြောင်း  အာဖရိက စီဒီစီက ပြောသည်။ ယခုချိန်အထိ ပြန်လည်ကျန်းမာ လာသူဦးရေမှာ ၁၀၂၈၄၂၉၀ ရှိလာသည်။ 
တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် အီသီယိုးပီးယား နိုင်ငံတို့သည်  အာဖရိက တိုက်တွင် ကူးစက်မှုအများဆုံးနိုင်ငံများဖြစ်ကြောင်း သိရသည်။ တောင်အာဖရိက သည်  ကိုဗစ် -၁၉ ကူးစက်မှုအများဆုံးနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူပေါင်း ၃၆၅၈၅၄၇ဦး ရှိသည်။ 
မော်ရိုကိုနိုင်ငံတွင်မူ ၁၁၅၈၆၉၇ ဦးရှိသည်။                                         ဆင်ဟွာ