အာဖရိကသို့ အစားအသောက်နှင့်ရွေးကောက်ပွဲဆိုင်ရာအကူအညီများပေးမည်ဟု အမေရိကန်သမ္မတ ပြောကြား

 

ဝါရှင်တန်  ဒီဇင်ဘာ  ၁၆
ကမ္ဘာ့အခက်ခဲဆုံး ပြဿနာအချို့ ကို   ဆွေးနွေးရာတွင်   အာဖရိက ခေါင်းဆောင်များကို   ပါဝင်စေ လိုကြောင်း   အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က       ပြောသည်။ အာဖရိကခေါင်းဆောင်များသည် လည်း  ဆွေးနွေးရေးစားပွဲဝိုင်း တွင်ထိုင်ရန်  ထိုက်တန်ကြောင်း ၎င်းကပြောသည်။ 
အမေရိကန်သမ္မတဂျိုးဘိုင်ဒင် သည်   ယခုသီတင်းပတ်အတွင်း    ဝါရှင်တန်သို့     အာဖရိကအကြီး အကဲ ၄၉  ဦးကို ဖိတ်ခေါ်ခဲ့သည်။ ကုလသမဂ္ဂ    လုံခြုံရေးကောင်စီ တွင်   အာဖရိကအမြဲတမ်းကိုယ်စား လှယ်ကို     ထားရှိရန်     လိုလား ကြောင်း    အမေရိကန်သမ္မတ     ဂျိုးဘိုင်ဒင်က   ပြောသည်။  ဂျီ-၂၀   နိုင်ငံများသို့     အာဖရိကသမဂ္ဂ ကိုလည်း      ပါဝင်လာစေရန်   ဆန္ဒရှိကြောင်း  ၎င်းက  ဆက်ပြော သည်။ 
ပြည်တွင်း၌      ကောင်းမွန်သော အုပ်ချုပ်မှုမှ    စီးဆင်းလာသည့်    လုံခြုံမှု     အကျိုးရလဒ်များကို လည်းသမ္မတဘိုင်ဒင်က သတိပေး ခဲ့သည်။ လာမည့်နှစ် ရွေးကောက် ပွဲများအတွက်         ပြင်ဆင်ရင်း ခေါင်းဆောင်များနှင့်  တွေ့ဆုံခဲ့ ခြင်းဖြစ်ပြီး   ငြိမ်းချမ်း၍      လုံခြုံ စိတ်ချရမှုကိုမြှင့်တင်ရန် အမေရိ ကန်ဒေါ်လာ      ၁၆၅     သန်းကို      ထောက်ပံ့ပေးသွားမည်ဟုလည်း ကတိပြုခဲ့သည်။ 
အာဖရိကတွင်      မိုးခေါင်မှုနှင့်     ရေကြီးမှုများကြောင့်    အစား အသောက်   လုံခြုံစိတ်ချရမှုတွင် ဖိအားများ    ပေါ်ပေါက်လျက်ရှိ သည်။    အမေရိကန်အစိုးရသည်  ယခုနှစ်အတွင်း  လူသားချင်းစာနာ ထောက်ထားမှုအတွက်  အမေရိ ကန်ဒေါ်လာ   ၁၁ ဘီလီယံကျော်ကို ထောက်ပံ့ခဲ့ပြီးဖြစ်သည်။  မိသားစု များ ဆာလောင်စွာဖြင့် အိပ်ယာ မဝင်စေရေးအတွက် နောက်ထပ် ၂ ဒသမ ၅ဘီလီယံ အကူအညီပေး သွားမည်ဟု သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာခဲ့သည်။
အင်န်အိတ်ချ်ကေ