
အဒစ္စအဘာဘာ ဖေဖော်ဝါရီ ၁၆
အာဖရိကတစ်လွှား အသက် ငါးနှစ်မှ ၁၉ နှစ်အရွယ် ကလေး သန်း ၁၀၀ နီးပါးမှာ ကျောင်းပြင်ပ သို့ ရောက်ရှိနေသည့်အတွက် လူမှု အဖွဲ့အစည်းများတွင် ပူးပေါင်း ပါဝင်နိုင်ခြင်းမရှိဟု အာဖရိက သမဂ္ဂ(အေယူ)မှ ပညာရေး၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ် မှုဆိုင်ရာ ကော်မရှင်နာ မိုဟာမက် ဘယ်ဟိုဆင်းက ဖေဖော်ဝါရီ ၁၅ ရက်တွင်ပြောသည်။
အဆိုပါ ကလေးများနှင့် လူငယ်များမှာ အမျိုးမျိုးသော အန္တရာယ်များနှင့် ကြုံတွေ့နိုင်ပြီး အကြမ်းဖက်သမားများ၏ ဖြား ယောင်းမှုကိုလည်း အလွယ်တကူ ခံရနိုင်ဖွယ်ရှိသည်။ ထို့ပြင် မူးယစ် မှောင်ခိုသမားများ၊ လူကုန်ကူးသူ များ၏ ပစ်မှတ်လည်းဖြစ်လာနိုင် ကြောင်း အဒစ္စအဘာဘာမြို့တွင် ကျင်းပသည့် အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် ၎င်း က သတင်းထောက်များကို ပြောသည်။
အဆိုပါ ကလေးများနှင့် လူငယ်များကို အသက်မွေးဝမ်း ကျောင်းပညာရပ်များနှင့် နည်း ပညာရပ်များ သင်ကြားပေးခြင်း ဖြင့် ထောက်ပံ့ပေးရန် လိုအပ် ကြောင်း ၎င်းကပြောသည်။ ၎င်း တို့ကိုယ်တိုင် အလုပ်လုပ်ကိုင် နိုင်သည်အထိ လိုအပ်သည့် ကျွမ်းကျင်မှုများ ထောက်ပံ့ပေးရန် လိုအပ်ကြောင်း ၎င်းကပြောသည်။
အာဖရိကသည် အရည်အချင်း ပြည့်ဝသည့် ပညာရေးရရှိရန် အခက်အခဲများနှင့် ကြုံတွေ့နေရ ပြီး ဆာဟာရ အာဖရိကရှိ ကလေး ၁၀ ဦးလျှင် ကိုးဦးမှာ အသက် ၁၀ နှစ်ရောက်သည်အထိ စာတစ်ကြောင်းကိုပင် ကောင်းမွန် စွာ မဖတ်နိုင်ကြောင်း ကော်မရှင် နာက ပြောသည်။
၂၀၃၀ ပြည့်နှစ်တွင် အာဖရိက ၌ တက္ကသိုလ်ပညာရေး လွှမ်းခြုံ နိုင်ရေး အမေရိကန်ဒေါ်လာ ၉၀ ဘီလီယံ လိုအပ်လျက်ရှိသည်။ လိုအပ်နေသည့် ဘဏ္ဍာရေး အထောက်အပံ့ ရရှိရေးအတွက် အပြည်ပြည်ဆိုင်ရာမှ ဝိုင်းဝန်း ထောက်ပံ့ကြရန် ၎င်းကတောင်းဆို ခဲ့သည်။
ဆင်ဟွာ