
နိုင်ရိုဘီ ဩဂုတ် ၂၄
ဇွန်လကုန်ပိုင်းအထိ အာဖရိက ဦးချိုဒေသ၌ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂၅ သန်းရှိသည် ဟု အဖွဲ့အစည်းများက ပြော သည်။
နိုင်ငံပေါင်း ခြောက်နိုင်ငံ၌ ပြည်တွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူ သန်း ၂၀ ရှိပြီး ဒုက္ခသည်နှင့် ခိုလှုံခွင့် တောင်းခံသူဦးရေ ငါးသန်းရှိ သည်ဟု ဩဂုတ် ၂၃ ရက်တွင် အဖွဲ့အစည်းများက ပြော သည်။
အာဖရိက ဦးချိုဒေသသည် ကမ္ဘာပေါ်တွင် အတင်းအကျပ် ဖိအားပေးမှုကြောင့် နေရပ်စွန့်ခွာ နေထိုင်ရမှု အများဆုံးဖြစ်နေဆဲ ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့ အစည်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အစိုးရချင်းချင်းအာဏာ ပိုင်အဖွဲ့တို့က ပြောသည်။ ဆူဒန် နိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ နေထိုင်ရမှုကို ပို၍ဖြစ်ပေါ်စေခဲ့ သည်။
၂၀၂၃ ခုနှစ်တွင် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူ ၂၀ ဒသမ ၅ သန်းရှိရာမှ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ၂၅ သန်းအထိ တိုးလာခဲ့သည်။ စားနပ်ရိက္ခာ လုံလောက်မှု မရှိခြင်းနှင့် အာဟာရချို့တဲ့မှု ပြဿနာများ မှာ ရွှေ့ပြောင်းနေထိုင်သူများ ကြား ဖြစ်ပေါ်နေကြောင်း အဆိုပါ အဖွဲ့အစည်းများက လေ့လာ တွေ့ရှိခဲ့သည်။
ဒေသတွင်းရွှေ့ပြောင်းနေထိုင် အများဆုံးမှာ ဆူဒန်နိုင်ငံ ဖြစ်ပြီး ယင်းနောက်တွင် ဆိုမာလီ နှင့် အီသီယိုးပီးယားနိုင်ငံ တို့မှ ရွှေ့ပြောင်းနေထိုင်မှု အများဆုံးဖြစ်သည်ဟု အပြည် ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူ များ အဖွဲ့အစည်းနှင့် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အစိုးရ အချင်းချင်း အာဏာပိုင်အဖွဲ့တို့က ပြောသည်။
၂၀၂၃ ခုနှစ်ဧပြီလမှ စတင် ကာ ဆူဒန်နိုင်ငံတွင် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပြီး ၇ ဒသမ ၉ သန်း မှာ ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်ခဲ့ရသည်။ ၂ ဒသမ ၃သန်းမှာ အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးခဲ့ရသည်။
ဆင်ဟွာ