အာဖဂန်နစ္စတန်တွင် တာလီဘန်များ အစိုးရသစ်ဖွဲ့စည်းရန် လုပ်ဆောင်လျက်ရှိ

 

ကဘူးလ်   သြဂုတ်   ၁၈ 


အာဖဂန်နစ္စတန်တွင် တာလီဘန်များက  အစိုးရသစ် ဖွဲ့စည်းရန် လုပ်ဆောင်လျက်ရှိနေဟန်ကို တွေ့ရသည်။ 
ယခုလကုန်တွင် အမေရိကန်တပ်ဖွဲ့များ နိုင်ငံ တွင်းမှ အပြည့်အဝဆုတ်ခွာမည်ဖြစ်ရာ တာလီဘန် များက  ၎င်းတို့၏ ထိုးစစ်ကို အရှိန်မြှင့်ပြီး အာဏာ ရရှိရေး ကြိုးစားလျက်ရှိသည်။ 
တာလီဘန်အဆင့်နှစ် ခေါင်းဆောင် မူလာအဗ္ဗ ဒူဂါနီဘာရာဒါသည် သြဂုတ်  ၁၇ ရက်က သမ္မတ အာရှရက်ဖ်ဂါနီ ဦးဆောင်သော အစိုးရအရာရှိများနှင့် တွေ့ဆုံဆွေးနွေးရန် တောင်ပိုင်း ကန်ဒါဟာပြည်နယ် သို့ ရောက်ရှိလာခဲ့သည်။
တာလီဘန်များသည်     ကဘူးလ်တွင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးဥက္ကဋ္ဌ အဗ္ဗဒူလာ ကဲ့သို့သော သက်ဆိုင်ရာအရာရှိများနှင့်     ညှိနှိုင်း ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။ အဗ္ဗဒူလာ သည်    အာဖဂန်သမ္မတ၏   အုပ်ချုပ်ရေးယန္တရား လက်အောက်တွင်    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်နေသူဖြစ်သည်။ 
တာလီဘန်ပြောရေးဆိုခွင့်ရှိသူ    ဇာဘီဟူလာ မူဂျာဟစ်က တာလီဘန်ပြည်နယ်တည်ထောင်ရေး အတွက် မကြာမီ  သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း သြဂုတ် ၁၇ ရက်က ပြောကြားလိုက်သည်။ 
သမ္မတ ဂါနီသည် နိုင်ငံတွင်းမှ ထွက်ပြေးလျက် ရှိသည်။ ပထမ ဒုတိယသမ္မတ အမ်ရူလာဆာလေက သြဂုတ် ၁၇ ရက်က သူ့အနေဖြင့် အာဖဂန်နစ္စတန်အတွင်းမှာပင်ရှိသေးကြောင်း  တွစ်တာတွင် ပြော ကြားလိုက်ပြီး သူ့ကိုယ်သူ  တရားဝင်နိုင်ငံတော်ကိုစောင့်ရှောက်ရမည့်သူဖြစ်ကြောင်း ကြေညာလိုက် သည်။ ထို့အပြင် ပြည်သူများကိုလည်း တာလီဘန် များကို ခုခံတွန်းလှန်ကြရန်   တိုက်တွန်းပြောကြား လိုက်သည်။ 
ယခုအချိန်တွင် တာလီဘန်များသည် မြို့တော် ကဘူးလ်အပါအဝင် နိုင်ငံ၏အစိတ်အပိုင်းအများစုကို ထိန်းချုပ်လျက်ရှိရာ   ဆာလေအနေဖြင့်   မည်မျှ တောင့်ခံနိုင်မည်ဆိုသည်ကို     ရှင်းရှင်းလင်းလင်း မသိရသေးပေ။      

                        
  အင်န်အိတ်ချ်ကေ