အာဖဂန်နစ္စတန်ရှိ တက္ကသိုလ်များ ပြန်ဖွင့်

 

ကဘူးလ် ဖေဖော်ဝါရီ ၂၇


အာဖဂန်နစ္စတန်၌ တက္ကသိုလ်များ အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကာ   အမျိုးသမီးများ ပညာရေးအတွက်    အပြည်ပြည်ဆိုင်ရာမှ တောင်းဆိုပြီး   နောက်တစ်နှစ်ခွဲအကြာတွင် ယခုလို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

 


တာလီဘန်တို့သည် ပြီးခဲ့သည့်နှစ် သြဂုတ် လအတွင်း   တိုင်းပြည်ကို   ထိန်းချုပ်နိုင်ခဲ့ပြီး နောက်    တက္ကသိုလ်များကို    ပိတ်ပစ်ခဲ့ပြီး အမျိုးသမီးများ   အလယ်တန်းကျောင်းတက် ခွင့်ကိုလည်း ပိတ်ပစ်ခဲ့သည်။

 

အမျိုးသားနှင့်       အမျိုးသမီးများမှာ  တစ်နေရာတည်းတွင် အတူတကွ ပညာသင် ရန် မဖြစ်နိုင်ဟု တာလီဘန်တို့က ပြောသည်။ ဖေဖော်ဝါရီ ၂၆ ရက်တွင် တက္ကသိုလ်  ၃၁  ခုကို တာလီဘန်တို့က ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ အခြားသော တက္ကသိုလ် ရှစ်ခုမှာ ဖေဖော်ဝါရီလ အစောပိုင်းကတည်းက     ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်သည်။ ဖေဖော်ဝါရီ ၂၆ ရက်  နံနက်ပိုင်း တွင်   တက္ကသိုလ်ကျောင်းသူများက   ပညာရေး တက္ကသိုလ်ဝင်းအတွင်း     သွားလာလှုပ်ရှား နေကြသည်။

 


အဆိုပါတက္ကသိုလ်တွင်  အမျိုးသားနှင့် အမျိုးသမီးများကို    ခွဲ၍    အတန်းချိန်များ သတ်မှတ်ထားသည်။    အမျိုးသမီးများ၏ စာသင်ချိန်မှာ  နံနက်    ၆  နာရီခွဲတွင်စပြီး အမျိုးသားများအတွက် စာသင်ချိန်မှာ ညနေ လေးနာရီတွင် စသည်။ အပြည်ပြည်ဆိုင်ရာ၏ ဖိအားပေးမှုများကြောင့်   တာလီဘန်တို့က တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်နိုင် ကြောင်း ကျောင်းသူတစ်ဦးက ပြောသည်။ အမျိုးသမီးများအတွက် အလယ်တန်းကျောင်း ကိုလည်း မတ်လလယ်တွင် ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 
အင်န်အိတ်ချ်ကေ