
ထွန်းကျော်
လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အာဖဂန်နစ္စတန်ရဲ့ အဓိကမြို့အတော်များများဟာ တာလီဘန်လက်ထဲ ကျရောက်ခဲ့တဲ့အချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဖဂန်တပ်ဖွဲ့ဝင်တွေဟာ ဒီမြို့တွေကို တာလီဘန်တွေရဲ့လက်ထဲက ပြန်လည်သိမ်းပိုက်နိုင်ဖို့ သူတို့ဘာသာသူတို့ ပြန်လည်တိုက်ပွဲဝင်ရမယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။
ကိုယ်တိုင်တိုက်ပွဲဝင်ရမယ်
မိမိတို့ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ အမေရိကန်ဒေါ်လာ တစ်ထရီလီယံကျော်ကျော် သုံးစွဲခဲ့ပါတယ်။ ထို့အတူ အာဖဂန်တပ်ဖွဲ့ဝင် ၃၀၀၀၀၀ ကျော်ကိုလည်း လေ့ကျင့်ပေးခဲ့သလို ခေတ်မီစစ်လက်နက်ပစ္စည်းတွေလည်း တပ်ဆင် ပေးခဲ့ပါတယ်။ အာဖဂန်ခေါင်းဆောင်တွေဟာ အတူတကွပေါင်းစည်းရတော့မယ်လို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က အိမ်ဖြူတော်မှာ သတင်းထောက် တွေကို ပြောကြားလိုက်ပါတယ်။ သူတို့ဟာ သူတို့ ဘာသာသူတို့ တိုက်ပွဲဝင်ရတော့မယ်။ သူတို့နိုင်ငံ အတွက် တိုက်ခိုက်ရတော့မယ်လို့ ဘိုင်ဒင်က ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အာဖဂန်တပ်ဖွဲ့ ဝင်တွေကို အနီးကပ် လေကြောင်းထောက်ပံ့မှုတွေ၊ အစားအစာထောက်ပံ့မှုတွေ၊ စစ်လက်နက်ပစ္စည်း ထောက်ပံ့မှုတွေ၊ လစာထောက်ပံ့မှုတွေကို ဆက်လက်ထောက်ပံ့ပေးသွားမှာဖြစ်ပြီး အာဖဂန် လေတပ်ကို စစ်ဆင်ရေး ဆောင်ရွက်နိုင်သည်အထိ ကူညီသွားမယ်လို့ ဘိုင်ဒင်က ပြောကြားလိုက်ပါ တယ်။ သို့သော်လည်း သူတို့တိုက်ခိုက်ချင်ရမယ်။ တာလီဘန်တွေထက် အင်အားသာရမယ်လို့ ဘိုင်ဒင် ကဆက်ပြီး ပြောလိုက်ပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေဆုတ်ခွာဖို့
ဆုံးဖြတ်ချက်အပေါ်နောင်တရမှာမဟုတ်
မိမိတို့အနေနဲ့ မိမိတို့ရဲ့ ကတိကဝတ်တွေကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်း၊ သို့သော် လည်း အမေရိကန်တပ်ဖွဲ့ဝင်တွေကို အာဖဂန် နစ္စတန်က ဆုတ်ခွာဖို့ ဆုံးဖြတ်ချက်အပေါ် နောင်တရမှာမဟုတ် ကြောင်း အမေရိကန်သမ္မတက ပြောပါတယ်။
ဘိုင်ဒင်က အခုလကုန်မှာ အာဖဂန်နစ္စတန်နိုင်ငံ ရဲ့ စစ်ဆင်ရေးအားလုံးကို အဆုံးသတ်ဖို့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို အမိန့်ပေးထားပါတယ်။ အမေရိကန် ဗဟိုထိန်းချုပ်ကွပ်ကဲရေးက တပ်ဖွဲ့ ဝင်တွေ ပြန်လည်ဆုတ်ခွာတာ ၉၅ ရာခိုင်နှုန်း ပြီးပြီလို့ ပြောပါတယ်။
လွန်ခဲ့တဲ့ တနင်္လာနေ့က အာဖဂန်သမ္မတ မိုဟာမက်အာရှရက်ဖ်ဂါနီက လွှတ်တော်ကို ပြော ကြားလိုက်တဲ့မှတ်ချက်စကားမှာ စစ်မြေပြင် အခြေ အနေပြောင်းလဲဖို့ ကဘူးလ်မှာ ခြောက်လကြာ လုံခြုံရေးအစီအစဉ်ရှိကြောင်း ပြောကြားလိုက်ပါ တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်တပ်ဖွဲ့ဝင် တွေ ပြန်လည်ဆုတ်ခွာသွားတဲ့အတွက် ပိုမိုဆိုးရွား တဲ့အခြေအနေတွေ ဖြစ်ပေါ်လာတဲ့ အပေါ်လည်း အပြစ်တင်လိုက်ပါတယ်။
ပြည်နယ်မြို့တော်တွေကို ပိုမိုထိန်းချုပ်လာ
တာလီဘန်တွေက သြဂုတ် ၁၀ ရက်မှာ အာဖဂန်နစ္စတန် အနောက်ပိုင်း ဖာရာ့ဟ်ပြည်နယ်ရဲ့ မြို့တော် ဖာရာ့ဟ်မြို့ကို သိမ်းပိုက်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ ပြီးတော့လည်း တာလီဘန် သောင်းကျန်းသူများက အစိုးရတပ်ဖွဲ့ဝင်တွေကို ဆက်လက်ထိုးစစ်ဆင်နွှဲလျက်ရှိပြီး အာဖဂန် နစ္စတန်နိုင်ငံရဲ့ ပြည်နယ်မြို့တော်တွေကို ပိုမို ထိန်းချုပ်လာနိုင်ပြီဖြစ်ကြောင်း ပြောကြားလိုက်ပါ တယ်။ တာလီဘန်များက တရုတ်နိုင်ငံနှင့် ထိစပ် လျက်ရှိသော မြောက်ပိုင်း ဘာဒက်ခ်ရှန်ပြည်နယ် မြို့တော်ကိုလည်း သိမ်းပိုက်လိုက်ပြီလို့ သြဂုတ် ၁၁ ရက်က ကြေညာလိုက်ပါတယ်။
ထို့အပြင် သြဂုတ် ၁၀ ရက်က ဘာဂလန် ပြည်နယ် မြို့တော်ကို သိမ်းယူခဲ့တယ်လို့လည်း တာလီဘန်များက ပြောပါတယ်။ အဲဒီပြည်နယ် မြို့တော်ရှိ အဓိကလမ်းမကြီးဟာ မြို့တော်ကဘူးလ် နဲ့ မြောက်ပိုင်းမြို့တော် မာဇာရီရှာရစ်ဖ်နဲ့ဆက်သွယ် ထားတဲ့လမ်းမကြီး ဖြစ်ပါတယ်။
အခုအချိန်အထိ တာလီဘန်များဟာ ပြည်နယ် ကိုးခုကို သိမ်းယူထားပြီးဖြစ်ပါတယ်။
လုံခြုံရေးအခြေအနေဆက်လက်ပျက်စီးလာမယ်
ဒီအခြေအနေတွေကို လေ့လာကြည့်မယ်ဆိုရင် သြဂုတ်လမကုန်မီ အမေရိကန်တပ်ဖွဲ့များ နိုင်ငံတွင်း မှ အပြီးပိုင်ပြန်လည်ဆုတ်ခွာခြင်းမပြုခင် နိုင်ငံတွင်း ရှိ လုံခြုံရေးအခြေအနေမှာ ဆက်လက်ပျက်စီး လာမယ့်သဘော ရှိပါတယ်။
ဒီအခြေအနေတွေကို ထိန်းသိမ်းဖို့ သြဂုတ် ၁၁ ရက်က အာဖဂန်ငြိမ်းချမ်းရေးဆိုင်ရာ အပြည်ပြည် ဆိုင်ရာတွေ့ဆုံမှုကို ကာတာမြို့တော် ဒိုဟာမှာ ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်၊ တရုတ်၊ ပါကစ္စတန်နှင့် အာဖဂန် နစ္စတန်နှင့် ထိစပ်လျက်ရှိသော တခြားနိုင်ငံများမှ ကိုယ်စားလှယ်များ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေး ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒီဆွေးနွေးပွဲဟာ ရံဖန်ရံခါမှသာ ပြုလုပ်နိုင်မယ့်သဘောပါ။
ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ကတော့ စစ်ပွဲတွေ ကို ရပ်ဆိုင်းပြီး နိုင်ငံရေးအဖြေရှာဖို့နဲ့ နှစ်ဖက်စလုံး ကို ညှိနှိုင်းရေးဆွေးနွေးပွဲ စားပွဲပေါ်ကို အရောက် ပို့ဆောင်နိုင်ရေးပဲ ဖြစ်ပါတယ်။
ထိုးစစ်ဆင်မှုတွေ တရစပ်ပြုလုပ်
သောင်းကျန်းသူတွေဟာ လျင်မြန်တဲ့ ထိုးစစ် တွေကို နိုင်ငံတစ်ဝန်း လုပ်ဆောင်လာတဲ့အတွက် အမေရိကန်ပြည်ထောင်စုဟာ မကြာသေးမီရက် အနည်းငယ်က တာလီဘန်တွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပင်တဂွန် သတင်းထုတ်ပြန်ရေး ဝန်ကြီး ဂျွန်ကာဘီက အမေရိကန်တပ်ဖွဲ့တွေဟာ အာဖဂန် တပ်ဖွဲ့ဝင်တွေကို ကူညီဖို့သင့်တော်တဲ့ အချိန်၊ သင့်တော်တဲ့နေရာမှာ လေကြောင်းတိုက်ခိုက်မှုတွေ ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြား လိုက်ပါတယ်။
သို့သော်လည်း အဲဒီလေကြောင်းပစ်ကူ တိုက်ခိုက်မှုတွေဟာ သြဂုတ် ၃၁ ရက် ကျော်သွားရင် ဆက်လက်ရှိနေမှာလားဆိုတာကို အတည်ပြုဖို့ တော့ ငြင်းဆန်ထားပါတယ်။
ကိုယ်ပိုင်စွမ်းရည်တွေရှိနေပြီ
တာလီဘန်တွေကို တိုက်ခိုက်ဖို့ အာဖဂန်တပ်ဖွဲ့ ဝင်တွေမှာ စွမ်းရည်တွေရှိနေပြီလို့ သူက ပြောပါ တယ်။ ကဘူးလ်အတွက် နိုင်ငံရေးနဲ့ စစ်ရေး ခေါင်းဆောင်မှုပိုင်းမှာတော့ ဆက်လက်အားထုတ် ကြိုးပမ်းဖို့ လိုသေးတယ်လို့ သူက ပြောပါတယ်။
မကြာသေးမီ သီတင်းပတ်က အာဖဂန်မြို့တော် အတော်များများနဲ့ နိုင်ငံရဲ့ ပြည်နယ်ပေါင်း ၃၄ ခု ရဲ့ ထက်ဝက်ကျော်လောက်မှာ အာဖဂန်တပ်ဖွဲ့ဝင် တွေနဲ့ တာလီဘန်သောင်းကျန်းသူတွေကြား ကြီးမားတဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေကြတာကို တွေ့ရ ပါတယ်။
အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်မှာတော့ ကန်ဒါဟာပြည်နယ် တောင်ပိုင်းမှာ ရှိတဲ့ တာလီဘန်တို့ရဲ့ ပုန်းအောင်းနေတဲ့ နေရာတွေ နဲ့ သူတို့ရဲ့ စခန်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆင်နွှဲခဲ့တာကြောင့် စစ်သွေးကြွ ၄၇ ဦးအထိ သေဆုံး ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုကျော်လောက်က အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၂၄၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး ၂၀၀၀၀ လောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ထို့အတူ အာဖဂန်တပ်ဖွဲ့ဝင် ၆၆၀၀၀ ဦးကျော် သေဆုံးခဲ့ပြီးတော့ လူပေါင်း ၂ ဒသမ ၇ သန်းကျော် အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရ ပါတယ်။ ။
ဆင်ဟွာ