
ကန်ဒါဟာ ဒီဇင်ဘာ ၁၅
အာဖဂန်နစ္စတန် နိုင်ငံ တောင်ပိုင်း ကန်ဒါဟာ ပြည်နယ်တွင် သက်တမ်း ကုန်သည့် ဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်း တန် ၇၀ ကို အာဏာပိုင်များက ဖျက်ဆီးခဲ့ကြောင်း ပြည်နယ် စက်မှုလုပ်ငန်းရှင် သမဂ္ဂ၏ အကြီးအကဲဖြစ်သူ ဖာရစ် အာမက်က ဒီဇင်ဘာ ၁၅ ရက် တွင် ပြောကြားသည်။
ယခု ဖျက်ဆီးခဲ့သည့် ပစ္စည်းများမှာ အဖျော်ယမကာ၊ ဆေးဝါးများ၊ ဂျုံမှုန့်နှင့် အခြား စားသောက်ကုန်ပစ္စည်း အမျိုးအစားများ အပါအဝင် လွန်ခဲ့သည့် လေးလကျော်က စုဆောင်းထားသည့် ပစ္စည်းများ ကို ဒီဇင်ဘာ ၁၄ ရက်က ကန်ဒါဟာမြို့ အပြင်ဘက်ရှိ မီအန်ကိုဒေသတွင် မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ ထို့ပြင် သက်တမ်း ကုန်လွန်သည့် ပစ္စည်းများကို မည်သည့်ဈေးဆိုင်မှရောင်းချရန် အာဏာပိုင်များက ခွင့်မပြု ကြောင်း အာမက်က သတင်း ထောက်များကို ပြောကြားသည်။
အလားတူ ပြီးခဲ့သည့် သီတင်းပတ်ကလည်း နန်ဂါဟာ ပြည်နယ်အရှေ့ပိုင်း ဂျာလာ လာဘတ်မြို့တွင် သက်တမ်းကုန် သည့် ဆေးဝါးများနှင့် အစား အသောက်ပစ္စည်း တန် ၇၀ ကို အာဏာပိုင်များက ရှင်းလင်းခဲ့ ကြောင်း သိရသည်။
ဆင်ဟွာ