အာဖဂန်နစ္စတန်နိုင်ငံ၌ ပြင်းထန်သော ငလျင်လှုပ်မှုဖြစ်ပွားပြီး လူ ၁၀၀၀ ကျော် သေဆုံး၊ ၁၅၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရ

 

ကဘူးလ်   ဇွန်   ၂၂ 


အာဖဂန်နစ္စတန်နိုင်ငံ ပါ့ခ်တီကာပြည်နယ်နှင့် ခေါ့စ်ပြည်နယ်တို့တွင် ဇွန် ၂၂ ရက်အစောပိုင်းက ပြင်းထန် သော ငလျင်လှုပ်မှုဖြစ်ပွားသောကြောင့် လူ ၁၀၀၀ ကျော် သေဆုံးပြီး  ၁၅၀၀ ထက်မနည်း ထိခိုက် ဒဏ်ရာရရှိကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြသည်။  

 


ရဟတ်ယာဉ်များနှင့် ကယ် ဆယ်ရေးအဖွဲ့များသည်   ပြင်း ထန်သော ငလျင်လှုပ်မှုကြောင့် အကြီးအကျယ်    ထိခိုက်ခံစား ရသည့်       ပြည်နယ်များသို့ ရောက်ရှိလာကြောင်း သိရသည်။ 

 


ပြင်းအား  ၅ ဒသမ ၉ ရှိသော အဆိုပါငလျင်သည်  ခေါ့ခ်ပြည် နယ်၏ အနောက်တောင်ဘက် ၄၄  ကီလိုမီတာခန့်အကွာတွင် လှုပ်ခဲ့ခြင်း       ဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာမှု အဖွဲ့က ပြောသည်။ 

 


အဆိုပါ    ပြင်းထန်သော ငလျင်လှုပ်မှုကြောင့်    ငလျင် လှုပ်ရာဒေသရှိ အိမ်ပေါင်းများစွာ    ထိခိုက်ပျက်စီးမှု     ဖြစ်ခဲ့သည့် အပြင်    ပါ့ခ်တီကာတွင်လည်း မြေပြိုကျမှုများ     ဖြစ်ပွားခဲ့ကြောင်း သိရသည်။          

                               
အင်န်အိတ်ချ်ကေ