
ရှီဘာဂန် ဇန်နဝါရီ ၁၈
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဂျောဇန်ပြည်နယ်နှင့် ဆာရီပူးလ် ပြည်နယ်တို့၌ နှင်းထူထပ်စွာ ကျဆင်းခြင်းနှင့် အအေးလွန်ကဲ မှုကြောင့် လွန်ခဲ့သည့် ရက်အနည်း ငယ်အတွင်း ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် ၂၅ ဦး ထက်မနည်း သေဆုံးမှုဖြစ်ပွား ကြောင်း တာဝန်ရှိသူများက ဇန်န ဝါရီ ၁၈ ရက်တွင် ပြောသည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း ဂျောဇန်ပြည်နယ်၏ ခါမက်၊ ခါနာကာနှင့် အက်ချာခရိုင်တို့၌ နှင်းထူထပ်စွာ ကျဆင်းခြင်းနှင့် အအေး လွန်ကဲမှုတို့ကြောင့် ကလေးငယ် လေးဦး၊ အမျိုးသမီး ငါးဦးအပါအဝင် စုစုပေါင်း ၁၈ ဦး သေဆုံးကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အက်ဒူလ် ဆာတာဟာလီမီက သတင်း ထောက်များကို ပြောသည်။
အလားတူ ဆာရီပူးလ် ပြည်နယ်တွင်လည်း အမျိုးသမီး များ နှင့် ကလေးငယ်များအပါအဝင် ခုနစ်ဦးသေဆုံးကြောင်း ပြည်နယ် အုပ်ချုပ်ရေးအရာရှိ ဆေယက်ဒ် ဆာဖာတူလာဆာဝန်က အတည် ပြုပြောသည်။ အအေးလွန်ကဲပြီး နှင်းသိပ်သည်းစွာ ကျဆင်းမှု အာဖဂန်နစ္စတန်နိုင်ငံ နေရာအနှံ့ အပြားတွင် ဖြစ်ပွားခဲ့ပြီး လွန်ခဲ့ သည့် သီတင်းပတ်အတွင်း ဒေသ အချို့တွင် အပူချိန်သည် အနုတ် ၃၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိခဲ့ သည်ဟု သိရသည်။
ထို့ကြောင့် ကွန်ဒူဇ်၊ ဖာယက်၊ ဘက်ဟစ်၊ ဂျောဇန်နှင့် ဆာရီပူးလ် ပြည်နယ်တို့၌ အမျိုးသမီးများ နှင့် ကလေးငယ်များအပါအဝင် ၆၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး ကျွဲ၊ နွား တိရစ္ဆာန် ထောင်ပေါင်းများစွာ လည်း သေဆုံးခဲ့ကြောင်း သိရ သည်။ ဆင်ဟွာ