
တာလူကွင် မေ ၁၆
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းပြည်နယ်ဖြစ်သည့် တာကာတွင် အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှုဖြစ်ပွားပြီး ၄၂ ဦး နာမကျန်း ဖြစ်ခဲ့ကြောင်း နယ်မြေခံရဲတပ်ဖွဲ့က မေ ၁၆ ရက်တွင် ပြောကြားသည်။ အဆိုပါ အစာအဆိပ်သင့်မှုဖြစ်ပွားရခြင်းမှာ ချာဟတ်ခရိုင် တာဟန် အဘတ်ရွာတွင် မေ ၁၅ ရက်က ကျင်းပသော မင်္ဂလာဆောင်အခမ်း အနားတစ်ခုမှဖြစ်ကြောင်း နယ်မြေခံရဲတပ်ဖွဲ့ဌာနမှ အက်ဒူလ် မူဘင်က ပြောကြားသည်။
ဖမ်းဆီးအရေးယူထား
နာမကျန်းဖြစ်သူများထဲတွင် သတို့သားနှင့် သတို့သမီးလည်း ပါဝင်ကြောင်း၊ အစာအဆိပ်သင့်မှုဖြစ်ပွားသူများကို ခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး လူသုံးဦးကို ဖမ်းဆီးအရေးယူထားပြီး အစာအဆိပ်သင့်မှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဆင်ဟွာ