အာဖဂန်နစ္စတန်နိုင်ငံ၏ လုံခြုံရေးအခြေအနေနှင့်စပ်လျဉ်း၍ စိုးရိမ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ဝါရှင်တန်  ဩဂုတ်  ၁၀


အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် အာဖဂန် နစ္စတန်နိုင်ငံ၏  လုံခြုံရေးအခြေအနေနှင့်စပ်လျဉ်း၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သို့ရာတွင် အမေရိကန်     ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဩဂုတ်လကုန်ပိုင်းတွင်   အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အားလုံးကို အပြီးတိုင်ရုပ်သိမ်း ရန် စီစဉ်ထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။


လက်ရှိတွင်  တာလီဘန်များသည်  အာဖဂန် နစ္စတန်နိုင်ငံရှိ  ၎င်းတို့၏ထိန်းချုပ်မှုအောက်တွင်ရှိသော နယ်မြေများကို တိုးချဲ့လျက်ရှိပြီး  ပြီးခဲ့သည့်သီတင်းပတ်နောက်ပိုင်းမှစတင်ကာ အာဖဂန်နစ္စတန် နိုင်ငံ၏  ပြည်နယ်ခြောက်ခုအား   သိမ်းပိုက်နိုင်ခဲ့ ကြောင်း ကြေညာခဲ့သည်။


ထို့ကြောင့် အာဖဂန်နစ္စတန်နိုင်ငံ၏ လုံခြုံရေး အခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံတကာအသိုက်အဝန်း ၏  စိုးရိမ်ပူပန်မှုများသည်  လမ်းကြောင်းမှန်သို့ ဦးတည်နေသည်မဟုတ်ကြောင်း      အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာ ဘီက ဩဂုတ် ၉  ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။


သို့ရာတွင်  အာဖဂန်နစ္စတန်တပ်ဖွဲ့ဝင်များတွင် လေတပ်နှင့်   ခေတ်မီလက်နက်များရှိကြောင်းနှင့် ယင်းမှာ  တာလီဘန်များတွင်မရှိသည့်  အာဖဂန် တပ်ဖွဲ့ဝင်များ၏      အားသာချက်ဖြစ်ကြောင်း ဂျွန်ကာဘီက ဆက်လက်ပြောကြားသည်။ 


လတ်တလောဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍     တာလီဘန်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန်အတွက်  အာဖဂန်နစ္စတန်နိုင်ငံပြန်လည်သင့်မြတ်ရေးဆိုင်ရာ  အထူးကိုယ်စားလှယ် ဇာမယ်ခါလီဇက်သည်လည်း ကာတာနိုင်ငံ  ဒိုဟာမြို့ သို့   ဩဂုတ်  ၉  ရက်တွင်    ထွက်ခွာသွားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက  ဩဂုတ် ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။


ကိုးကား-အင်န်အိတ်ချ်ကေ
 ဘာသာပြန်-အလင်းသစ်