
ကဘူးလ် မေ ၈
အာဖဂန်နစ္စတန်နိုင်ငံ ပြည်နယ်သုံးခုတွင် အိမ်ထောင်စု ၆၅၀ မှာ အထောက်အပံ့များ လက်ခံ ရရှိခဲ့ကြောင်း နိုင်ငံ၏ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ ရေး ဝန်ကြီးဌာနက မေ ၈ ရက်တွင် ပြောကြားသည်။
ဆာရီပေါပြည်နယ်မြောက်ပိုင်းတွင် စစ်တမ်း ကောက်ယူထားသည့် ရွှေ့ပြောင်းအိမ်ထောင်စု ၄၄၀ မှာ အစားအသောက်အထောက်အပံ့များကို မေ ၇ ရက်က လက်ခံရရှိခဲ့ကြောင်း ထုတ်ပြန်ဖော်ပြ ချက်အရ သိရသည်။
အဆိုပါထုတ်ပြန်ချက်အရ ဝါဒါ့ပြည်နယ်အရှေ့ ပိုင်းတွင် မေ ၇ ရက်က ဆင်းရဲနွမ်းပါးသော မိသားစု ဝင် ၁၉၀ မှာ အစားအစာအထောက်အပံ့များ ရရှိခဲ့ သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း ပါ့တီကာ ပြည်နယ်အရှေ့ပိုင်းတွင် ဒေသခံအာဏာပိုင်များက ရွှေ့ပြောင်းအိမ်ထောင်စု ၂၀ ကို အမေရိကန်ဒေါ်လာ ၂၆၀ ခန့် ဖြန့်ဝေပေးခဲ့ကြောင်း ထုတ်ပြန်ဖော်ပြ ချက်အရ သိရသည်။
ယခုရက်သတ္တပတ်အတွင်း အာဖဂန်နစ္စတန် နိုင်ငံ၌ ပြည်နယ် ၁၁ ခုရှိ စုစုပေါင်း အိမ်ထောင်စု ၇၆၀၅ စုမှာ အထောက်အပံ့များရရှိခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားသည်။
ဆင်ဟွာ