
ကဘူးလ် ဇန်နဝါရီ ၁၈
အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း၌ ငလျင်လှုပ်ခတ်မှုအပြီးသုံးလကြာသည်အထိလူပေါင်း ၂၀၀၀၀၀ မှ ၃၀၀၀၀၀ ဝန်းကျင်ခန့်မှာ ရွက်ဖျင်တဲများတွင် ဆက်လက်နေထိုင်နေရဆဲဖြစ်သည်ဟု ယူဆကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အကြီးအကဲတစ်ဦးက ပြောသည်။
အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ကိုယ်စားလှယ်ဖြစ်သူ လူအိုဒါပင်း က ဇန်နဝါရီ ၁၇ ရက်တွင် ၎င်း၏ ဂျပန်ခရီးစဉ်အတွင်း အင်န်အိတ်ချ်ကေသို့ ယခုလို ပြောကြားခဲ့ခြင်းဖြစ် သည်။ အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၂၀၀၀ ကျော်ရှိကာ နေအိမ် ၁၀၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။
အာဖဂန်နစ္စတန်နိုင်ငံမှာ ယခုအခါဆောင်းတွင်း သို့ ဝင်ရောက်နေပြီဖြစ်ပြီး ရာသီဥတုမှာလည်း အလွန်အေးကြောင်း၊ အခြေအနေများမှာ အကြီး အကျယ် ပျက်စီးနေကြောင်း ၎င်းကဆက်ပြောသည်။ ဆေးပစ္စည်းများနှင့် ဆေးဝါးများလည်း ပြတ်လပ် နေကြောင်း၊ ထို့ကြောင့် အရေးပေါ်အကူအညီ လိုအပ်လျက်ရှိသည်ဟု ၎င်းကပြောသည်။
လူသန်းတစ်ဝက်နီးပါးမှာလည်း ပါကစ္စတန်မှ အာဖဂန်နစ္စတန်သို့ ပြန်လာကြသည်။ နေရပ် ပြန်လာသူ အများစုမှာ ရွက်ဖျင်တဲများတွင် နေထိုင်နေရပြီး အစားအသောက်နှင့် ရေမှာလည်း အကန့်အသတ်ဖြင့်သာ သုံးစွဲရသည်ဟု ၎င်းက ရှင်းပြသည်။
အင်န်အိတ်ချ်ကေ