အာဖဂန်နစ္စတန်၌ လမ်းဘေးဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ခုနစ်ဦး သေဆုံး

 

အစ္စလမ္မာဘတ် ဒီဇင်ဘာ ၆ 
အာဖဂန်နစ္စတန်နိုင်ငံ     ဘာ့ခ် ပြည်နယ်မြောက်ပိုင်း   မြို့တော် မာဇာရီရှာရစ်ဖ်၌        လမ်းဘေး ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အလုပ်သမား      ဘတ်စ်ကား တစ်စီးကို ထိမှန်ခဲ့ပြီး လမ်းသွား လမ်းလာ ခုနစ်ဦး သေဆုံးခဲ့ပြီး အခြားခြောက်ဦး   ဒဏ်ရာရရှိခဲ့ သည်ဟု     ဒေသရဲဘက်ဆိုင်ရာ   ပြောရေးဆိုခွင့်ရှိသူ   မိုဟာမက် အာဆစ်ဖ်ဝါဆီရီက ပြောကြား လိုက်သည်။ 
ဗုံးပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် အလုပ်သမားများသည်    ရုံးသို့ သွားနေချိန်ဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြား ခဲ့သည်။ 
အသေးစိတ် အချက်အလက် များကို       ထပ်မံအတည်ပြု ပြောကြားခြင်းမရှိသေးဘဲ အခင်း ဖြစ်ပွားရာနေရာတွင်        စုံစမ်း စစ်ဆေးမှုများ    ပြုလုပ်လျက် ရှိသည်။ 
တစ်ချိန်တည်းတွင် မျက်မြင် သက်သေတစ်ဦးက  ဗုံးပေါက်ကွဲမှု ကြောင့်   သေဆုံးသူဦးရေသည် ဖော်ပြထားသည့်  ပမာဏထက် ဆက်လက်  တိုးလာနိုင်ကြောင်း ပြောကြားလိုက်သည်။ 
အဆိုပါ    တိုက်ခိုက်မှုသည် မည်သူ၏လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေး ကြောင်း သိရသည်။      ဆင်ဟွာ