အာဖဂန်နစ္စတန်၌ အမျိုးသမီးများပိတ်ပင်ခံရမှုကိစ္စ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆွေးနွေး 

 

ဂျီနီဗာ  ဇန်နဝါရီ  ၁၄
ကမ္ဘာ့ခေါင်းဆောင်  အများစုသည် တာလီဘန်များကို အာဖဂန်နစ္စတန် ၏      တရားဝင်အစိုးရအဖြစ် သတ်မှတ်ရန်  ငြင်းဆိုကြသည်။ ယခုအခါ   ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှ အဖွဲ့ဝင်နိုင်ငံများသည် တာလီဘန်များ၏ အမျိုးသမီးများ အပေါ် ဖိနှိပ်မှုများကို စိုးရိမ်မိသည် ဟု ပြောကြားခဲ့သည်။
လွန်ခဲ့သည့်     လအတွင်း အာဖဂန်နစ္စတန်တွင်   အမျိုးသမီး များကို    လူသားချင်း   စာနာ ထောက်ထားမှုဆိုင်ရာ      အဖွဲ့ အစည်းများတွင် အလုပ်လုပ်ကိုင် ခွင့်ပေးတော့မည်       မဟုတ်ဟု  တာလီဘန်   ခေါင်းဆောင်များက ပြောသည်။  အဆိုပါဝန်ထမ်းများ သည်    အာဖဂန်နစ္စတန်တွင် လုပ်ငန်းများ     လုပ်ဆောင်ရာ၌ ကူညီထောက်ပံ့ပေးနေကြသူများ ဖြစ်သည်။ ကုလသမဂ္ဂ၏  ပြော ကြားချက်အရ အာဖဂန်နစ္စတန် နိုင်ငံတွင်  ၉၇  ရာခိုင်နှုန်းမှာ  ဆင်းရဲ မွဲတေမှုနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။ 
ဇန်နဝါရီ  ၁၃  ရက်က  ပြုလုပ် သည့်  အစည်းအဝေးတွင်  ကုလ သမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများသည် ယင်းကိစ္စကို တံခါး ပိတ်  ဆွေးနွေးခဲ့ကြသည်။   အမေ ရိကန်   သံအမတ်ကြီး   လင်ဒါ သောမတ်စ် ဂရင်းဖီးဒ်က တာလီ ဘန်တို့၏     ပိတ်ပင်မှုများကို ပြောင်းလဲနိုင်မည့်   လုပ်ဆောင်မှု မျိုး  ချက်ချင်းဆောင်ရွက်ကြရန် တောင်းဆိုခဲ့သည်။  တာလီဘန်တို့ ၏လက်အောက်တွင်   အမျိုးသမီး နှင့်မိန်းကလေးများ   တက္ကသိုလ် နှင့်   အလယ်တန်းကျောင်းများ   တက်ရောက်ခွင့်ကို ပိတ်ပင်ခံထား ရသည်။ 
ကုလသမဂ္ဂ ကိုယ်စားလှယ် များကမူ  ယင်းဖြစ်ရပ်ကို  ကတိ ချိုးဖျက်ခံရခြင်းဟု   ဝေဖန်ကြ သည်။ တာလီဘန်တို့၏ အပြုအမူ မှတစ်ဆင့်   အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းတွင် ၎င်းတို့လိုလား နေသည့် တရားဝင်အစိုးရအဖြစ် ထောက်ခံပေးရေးကို      ပြုလုပ် သွားမည်ဟုလည်း    ၎င်းတို့က ပြောသည်။ 
အင်န်အိတ်ချ်ကေ