အာဖဂန်နစ္စတန်မြို့တော်တွင် ဘတ်စ်ကားတစ်စီး ပေါက်ကွဲမှုကြောင့် ခုနစ်ဦးသေဆုံးပြီး ၂၀ ဒဏ်ရာရ

 

ကဘူးလ်   နိုဝင်ဘာ   ၈


အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင်  ဘတ်စ်ကားတစ်စီး ပေါက်ကွဲမှုကြောင့် ခရီးသည်များအပါအဝင် ခုနစ်ဦးထက်မနည်း သေဆုံးကာ ၂၀ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းက  ဘတ်စ်ကားတစ်စီး   ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ် သည်။ 


အဆိုပါကားပေါ်တွင် ဗုံးတပ်ဆင်ထားခြင်းဖြစ်သည်ဟု  ရဲများ က ပြောသည်။   ဟာဇရက်လူမျိုးစုများ  အဓိကနေထိုင်ရာ လူဦးရေ ထူထပ်သည့်နေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့ သည့်လအတွင်းကလည်း လက်ဝှေ့အားကစားရုံအတွင်း  ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ   လေးဦးထက်မနည်း    သေဆုံးခဲ့သည်ဟု ဒေသတွင်း မီဒီယာများတွင် ဖော်ပြကြသည်။


ရှီးယိုက်များကို  ၎င်းတို့၏ရန်သူအဖြစ်သတ်မှတ်ထားသည့် အိုင်အက်စ်စစ်သွေးကြွများသည် ဟာဇရက်လူမျိုးစုများကို  ပစ်မှတ် ထားကာ တိုက်ခိုက်လေ့ရှိသည်။                      

အင်န်အိတ်ချ်ကေ