
ကဘူးလ် မတ် ၂၄
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးမှုတို့ကြောင့် အာဖဂန် နစ္စတန်မြောက်ပိုင်း၌ နေအိမ် နှင့် လယ်ယာမြေများ ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု ပြည်နယ် ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အဆစ်ဝါဇီရီက မတ် ၂၄ ရက်တွင် ပြောသည်။
မိုးသည်းထန်စွာ အဆက် မပြတ်ရွာသွန်းမှုကြောင့် မတ်လ ၂၃ ရက်တွင် ရေကြီးမှုဖြစ်ပေါ်စေ ခဲ့ပြီး ဘော့ခ်ပြည်နယ်မြောက်ပိုင်း ရှိ နေအိမ် ၃၀၀ ကျော်နှင့် လယ်ယာမြေဧက ၃၀၀၀ ပျက်စီး ခဲ့ရသည်ဟု ဝါဇီရီက သတင်း ထောက်များကို ပြောသည်။ ထို့ပြင် ရေကြီးမှုကြောင့် ဇာရီ ခရိုင်မှ ကျွဲ နွားများ သေဆုံးခဲ့ရ သည်ဟု ၎င်းက ဆက်ပြောသည်။
လူသေကျေပျက်စီးမှုသတင်း များကိုမူ မသိရသေးပေ။ ရေဘေး ဒုက္ခသည်မိသားစုများကို ကူညီရန် အတွက် ကယ်ဆယ်ရေးအဖွဲ့များ ကို စေလွှတ်ထားသည်ဟုလည်း အာဏာပိုင်များက ပြောသည်။ ထို့ပြင်ရေကြီးမှုကြောင့် ဇာဘူလ် ပြည်နယ် မြို့တော်ကာလတ်နှင့် နိုင်ငံတောင်ပိုင်းရှိ အခြားသော ခရိုင် ခုနစ်ခုတို့ ဆက်သွယ်ထား သည့်လမ်းများမှာလည်း ပျက်စီးခဲ့ ရသည်။
လာမည့် ရက်များအတွင်း အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်နယ် ၃၄ ခုအနက် ၂၀ တွင် မိုးရွာသွန်း မှုနှင့် ရေကြီးမှုများ ဖြစ်ပေါ်နိုင် သည်ဟု အာဖဂန်နစ္စတန် မိုးလေဝသဌာနမှ ခန့်မှန်းထား သည်။
ဆင်ဟွာ