
ဂျီနီဗာ အောက်တိုဘာ ၁
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်ရှိ ပညာရေးစင်တာတစ်ခုကို စက်တင်ဘာ ၃၀ ရက်က တိုက်ခိုက်ခံရမှုအပေါ် ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ပြောသည်။
အရပ်သားများကို အကာအကွယ်ပေးရန် တောင်းဆို
ကုလသမဂ္ဂအကြီးအကဲက သေဆုံးသူများ၏မိသားစုများကို ဝမ်းနည်းကြောင်းပြောကြားပြီး ထိခိုက်ဒဏ်ရာရရှိသူများအား အမြန်ပြန်လည်ကျန်းမာလာစေရန် ဆုတောင်းပေးခဲ့သည်။ ထို့ပြင် ပညာရေးသည် အခြေခံအခွင့်အရေးနှင့် ရေရှည်တည်တံ့ သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော မောင်းနှင်အားဖြစ်သည်ဟု အလေးပေးပြောကြားခဲ့ပြီး အရပ်သားများကို အကာအကွယ်ပေးရန်အတွက် ပါတီအားလုံးကို ထပ်မံတောင်းဆိုခဲ့ကြောင်း သိရသည်။
၁၉ ဦးထက်မနည်း သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရ
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့အနောက်ပိုင်းရှိ ပညာရေးစင်တာတစ်ခုတွင် စက်တင်ဘာ ၃၀ ရက်က အသေခံဗုံးခွဲ တိုက်ခိုက်မှု ကြောင့် ၁၉ ဦးထက်မနည်း သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ဆင်ဟွာ