
ကဘူးလ် ဇွန် ၂၅
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ဇွန် ၂၂ ရက်က ပြင်းထန်သောငလျင်ကြောင့် လူထောင်ချီသေဆုံးမှု များ ဖြစ်ပွားပြီးနောက် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရာတွင် လမ်းပျက်စီးမှုများ၊ အခြေခံအဆောက် အအုံများ ပြိုကျမှုကြောင့် အခက်တွေ့နေကြောင်း အင်န်အိတ်ချ်ကေသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
ပြင်းအား ၅ ဒသမ ၉ ရှိသော အဆိုပါငလျင် ကြောင့် ခေါ့စ်ပြည်နယ်နှင့် ပါ့ခ်တီကာပြည်နယ်တို့တွင် လူ ၁၀၀၀ ကျော် သေဆုံးမှုဖြစ်ပေါ်ခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁၆၀၀ ကျော်ရှိကြောင်း သိရ သည်။ ငလျင်လှုပ်မှုဖြစ်ပွားပြီးနောက် ပါ့ခ်တီကာ ပြည်နယ်တွင် အသက်ရှင်သူငါးဦးကို ကယ်တင်နိုင်ခဲ့ ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာနက ပြောသည်။
အသက်ရှင်ကျန်ရစ်သူများအတွက် အဆောက် အအုံ ၃၀၀ ကို ရှာဖွေမှု ပြုလုပ်ပြီးဖြစ်ကြောင်း၊ သို့သော်လည်း ပျက်စီးနေသော လမ်းများကြောင့် စက်ယန္တရားကြီးများကို အသုံးပြုရန် အခက်တွေ့ နေကြောင်း ခေါ့စ်ပြည်နယ်မှ တာဝန်ရှိသူများက အင်န်အိတ်ချ်ကေသို့ ပြောသည်။
တာလီဘန်များသည် ယခုအခါတွင် လုံလောက် သော ကယ်ဆယ်ရေးကူညီမှုများ ပံ့ပိုးပေးနိုင်ရန် အတွက် ကုလသမဂ္ဂအေဂျင်စီများ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ ဂျပန်အစိုးရ သည် ငလျင်ဘေးသင့်ဒေသများသို့ စောင်များ၊ ရေတိုင်ကီများနှင့် အခြားအရေးပေါ်ထောက်ပံ့ ရေးပစ္စည်းများကို ပေးပို့လျက်ရှိကြောင်း သိရသည်။
အင်န်အိတ်ကေ