အာဖဂန်မိသားစုဝင် ၁၄၀၀၀ ကျော် စားနပ်ရိက္ခာအကူအညီများ ရရှိ

 

 

ကဘူးလ်   ဧပြီ    ၂၅
အာဖဂန်နစ္စတန်နိုင်ငံ ပြည်နယ် နှစ်ခုအတွင်းရှိ စုစုပေါင်းမိသားစု ၁၄၂၆၃    ဦးမှာ      စားနပ်ရိက္ခာ အကူအညီများ     ရရှိခဲ့ကြောင်း အာဖဂန်      ကျေးလက်ဒေသ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနက ဧပြီ  ၂၅ ရက်တွင် ပြောကြားသည်။ 
ဂျော်ဂျန်ပြည်နယ် မြောက် ပိုင်း၌ ပြီးခဲ့သည့် ရက်သတ္တပတ် ကျော်က စစ်တမ်းကောက်ယူထား သော မိသားစု ၈၄၁၃ စုမှာ ဂျုံ၊ ဆီ၊ ပဲ၊    ဆားနှင့်   ထုပ်ပိုးထားသည့် အစားအစာများ     ရရှိခဲ့ကြောင်း၊ အလားတူ    ဂါဇာနီပြည်နယ်   အရှေ့ပိုင်း    ဂီရိုခရိုင်အတွင်း     မိသားစုဝင် ၅၈၅၀ မှာလည်း အစား အစာများ လက်ခံရရှိခဲ့ကြောင်း အာဖဂန်ကျေးလက်ဒေသ         ပြန် လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ    အစားအစာများကို ကမ္ဘာ့စားနပ်ရိက္ခာ    အစီအစဉ် (WFP)   က  ထောက်ပံ့ပေးခြင်း ဖြစ်ပြီး ပြည်နယ်ကျေးလက်ဒေသ ပြန်လည်ထူထောင်ရေးနှင့်  ဖွံ့ဖြိုး တိုးတက်ရေး    ဝန်ကြီးဌာနက စစ်တမ်းကောက်ယူခြင်းနှင့်  အကူ အညီများ  ဖြန့်ဝေပေးခြင်းတို့ကို ကူညီပေးခဲ့ကြောင်း     ထုတ်ပြန် ချက်အရ သိရသည်။ 
မကြာသေးမီ လများအတွင်း က        အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်နယ် ၃၄  ခုတွင်  ထောင်ပေါင်း များစွာသော ဆင်းရဲချို့တဲ့သည့် ပြည်သူများမှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို လက်ခံရရှိခဲ့သည်။ 
အမေရိကန် ပြည်ထောင်စုက အာဖဂန်ဗဟိုဘဏ်၏ အမေရိကန် ဒေါ်လာ   ၉  ဘီလီယံကျော်ကို ကန့်သတ်လိုက်ပြီးနောက် စီးပွား ရေး  မပြေလည်မှုများက  ဆင်းရဲ နွမ်းပါးသည့် တိုင်းပြည်ကို အထိနာ စေခဲ့သည်။ အလားတူ ကမ္ဘာ့ဘဏ် နှင့် အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ကလည်း ရန်ပုံငွေကို     ရပ်ဆိုင်းထားခဲ့ကြောင်း      သိရ သည်။                         ဆင်ဟွာ