
ကဘူးလ် မတ် ၁၆
ပြီးခဲ့သည့်နှစ်ရက်အတွင်း အာဖဂန်နစ္စတန်မှ ဒုက္ခသည်ပေါင်း ၄၉၈၆ ဦးမှာ အိမ်နီးချင်းအီရန်နိုင်ငံမှ ၎င်းတို့၏ နေရပ်သို့ ပြန်သွားခဲ့သည်ဟု အာဖဂန်နစ္စတန်ရှိ ဒုက္ခသည်များဆိုင်ရာဝန်ကြီးဌာနက မတ် ၁၆ ရက် တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
နေရပ်ပြန်သည့် လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နေပြီး ပြီးခဲ့သည့် ခြောက်လအတွင်းအာဖဂန် ဒုက္ခသည်ပေါင်း ၂၈၀၀၀၀ မှာ နေရပ်သို့ ပြန်သွားခဲ့ကြောင်း ကြေညာချက်အရ သိရသည်။ ပြည်ပနိုင်ငံ များတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေသည့် အာဖဂန်နိုင်ငံသားများ နေရပ် ပြန်လာကြရန်လည်း အာဖဂန်အိမ်စောင့်အစိုးရက ပြန်ခေါ်ထားသည်။ အီရန်နိုင်ငံတွင် အာဖဂန်ဒုက္ခသည်ပေါင်း ၂ ဒသမ ၅ သန်းနေထိုင်လျက် ရှိပြီး ပါကစ္စတန်တွင် ခိုလှုံနေသည့် အာဖဂန်အရေအတွက်မှာလည်း ယင်းအတိုင်းပင်ဖြစ်သည်။
ဆင်ဟွာ