
အားလုံးညီစိမ် စိန်ရတုချိန်
* လွတ်လပ်ခဲ့ပြီတိုင်းဌာနီကား
ရည်ကာတွက်စစ်ခုနစ်ဆယ့်ငါးနှစ်
သစ်လွင်တည်ထောင် မြန်လူ့ဘောင်သည်
အောင်မြင်မှုနှေး ဝါဒဘေးကား
ရေးပြမကုန် ခုထိကြုံသည်
ယုံကြည်ရာစွဲ စိတ်ချင်းကွဲ၍
လွဲမှားမာန မိုးထိပြကာ
မိနှင့်မတူ ရန်သူဟူ။
* အပြုအဖျက် ဒီနှစ်ချက်ကို
လက်ထွန်းဉာဏ်ရောင်နှလုံးဆောင်၍
မောင်မြန်မာများ အသိပွားကာ
သွားလာလုပ်ငန်း ပြည့်တွက်ထမ်းပြီး
လမ်းပန်းသာစေအထွေထွေလည်း
ရေရှည်တိုးတက်အကျိုးဆက်အား
ထက်သော မြန်မာရဖို့ရှာ။
* စိန်ထက်မာကျစ် ပြည်အချစ်ကြောင့်
ဖြစ်တည်လာပေးလွတ်လပ်ရေးကို
လေးစားရိုသေမြတ်နိုးစေ။
* တွင်းပနှစ်ဒဏ်ကြံ့ကြံ့ခံ၍
သန်ရှင်လွတ်လပ်မြန်ပြည်ကပ်ဖို့
သပ်ရပ်ခိုင်ကျည်စစ်အင်ပီဖြင့်
လီလီအောင်ပွဲသက်စွန့်နွှဲသည့်
တွဲဖက်ညီနောင် ပြည်ချစ်မောင်ကို
ယောင်၍လေပင် ပြစ်မတင်နှင့်။
* တစ်မိဝမ်းဖွား ညီအစ်ကိုများ
သားသွေးအစစ်တို့တွေဖြစ်၍
ချစ်ရက်ကြာရှည်အမိမြေကို
တစေလွတ်လပ်အမြင့်တပ်ဖို့
ထပ်ထပ်ကြိုးစား တန်ဖိုးထားကာ
အားလုံးညီစိမ် စိန်ရတုချိန်။ ။
ညိုဝင်း (ချစ်မြေ)